ကိုဗစ်ကာလ အလုပ်တွေကများ

 ဘုရားရှိခိုးဖြစ်တယ်။

မနေ့က ပရိုဂရမ်ရေးတာ မဆိုးဘူး ရသွားတယ်။

ဒီနေ့ နံနက်လမ်းလျှောက်ဖြစ်တယ်။

အလုပ်တွေက များတယ်။

လုပ်ချင်တာတွေကလည်း များတယ်။

တွင်းနက်ကြီးထဲ မကျအောင် ဒီအတိုင်းလေး ဆက်ထိန်းထားဖို့လိုမယ်။

ဒီနေ့နံနက် ချေးငွေ လျှောက်လို့မရတဲ့ လူကို ကြံဖန်ပြီး လျှောက်လို့ ရနိုင်မယ့်နည်းလမ်း စဥ်းစားပေးလိုက်ပြီး

ကိုယ့်ဟာကိုယ် သဘောတွေကျနေတယ်။

နောက်မှ ဆက်ရေးမယ်။

Youtube က ပရိုဂရမ်းမင်း ဗီဒီယို တော်တော်လေးကောင်းတယ်။

လိုက်လုပ်ကြည့်တာလည်း တော်တော်အဆင်ပြေတယ်။

ဖြည်းဖြည်းချင်း ပဲလုပ်မယ်။

ဆေးလိပ်သောက်တာကို လျှော့မှ ရမယ်။

ကိုဗစ်ကြောင့် သေတဲ့လူတွေ တော်တော်များနေပြီ။

လူသားအားလုံး ကျန်းမာချမ်းသာကျပါစေ။

မသေချာ မရေရာမှုတွေကို ကိုဗစ်က ဖော်ဆောင်ပေးနေတယ်။

အိပ်တော့မယ်။ ည ၁၁ နာရီထိုးပြီ။



Comments

Popular posts from this blog

အပြစ်ဟူသည်

The awakening of a society

Travel Diary 1.5