တတိယခြေလှမ်း မဟုတ်သေးပါ

 တွင်းနက်ကြီးထဲ ပြန်ကျတော့မယ်နဲ့တူတယ်။

လုပ်ချင်တာတွေ များလာလို့။

မနေ့က online ဖဲရိုက်တဲ့ app အကြောင်း ပြောနေကြတာနဲ့ အဲ့လိုမျိုး ထွင်ချင်တယ် ဆိုပြီး ဖြစ်သွားတယ်။

စဥ်းစားတော့သာ လွယ်မယ်ထင်တာ တကယ်လုပ်ဖို့က မလွယ်ဘူး။

ဒီနေ့နံနက် လမ်းလျှောက်ဖြစ်တယ်။ မဆိုးဘူး တော်တော်လေး လျှောက်လို့ကောင်းတယ်။

တတိယခြေလှမ်းအနေနဲ့ စက်ဘီးဝယ်ပြီး စက်ဘီးစီးချင်တာ။

ဝယ်မယ်ဆိုပြီး မသွားဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ခဏထိုင်ဖြစ်တယ်။

အိမ်ပြန်ရောက်တော့အကိုရောက်နေတယ်။ အလုပ်ကအပြန်ဝင်လာတာ။

ဘာမှတော့ထွေထွေထူးထူး မပြောဖြစ်ဘူး။

ဘုရားရှိခိုးတာ ဒိုင်ယာရီရေးတာတော့ ပုံမှန်ဖြစ်လုနီးနေပြီ။

ပုံမှန်လုပ်မှ အကျင့်ဆိုတာဖြစ်မှာ။

အကျင့်ဖြစ်မှ အရမ်းကြီးကြိုးစားနေရသလိုမဖြစ်မှာ။

အဝတ်ဘီရိုတစ်ခုလောက် ကိုယ့်ဟာကိုယ်လုပ်ကြည့်ဖို့ ရည်ရွယ်ထားတယ်။

ဘယ်တော့မှ လုပ်ဖြစ်မယ်တော့ မသိဘူး။

ဒီနေ့ ဖေကြီးရဲ့ မိတ်ဆွေတစ်ယောက်ဆုံးသွားတယ်။

ကိုဗစ်ဖြစ်နေတော့ အသုဘလိုက်မပို့ဖြစ်ဘူး။

ကိုဗစ်ကတော်တော် စိတ်ပျက်စရာကောင်းတယ်။

အခုလောလောဆယ်တော့ အိပ်လိုက်ဦးမယ်။

ကောင်းကောင်းတောင် မအိပ်လိုက်ရဘူး။

အရမ်းလွယ်တဲ google app script ကြည့်ပြီးလုပ်တာကို မရဘူးဖြစ်နေတယ်။

စိတ်အရမ်းရှုပ်လာတာနဲ့ မလုပ်တော့ဘူး။

ဒီ ပရိုဂရမ်းမင်းနဲ့က ကံကိုမပါဘူး။ အမြဲတမ်း ဒုက္ခရောက်တယ်။

အရမ်းပဲ အရှုံးပေးတာ မြန်နေလို့လားတော့ မသိဘူး။

ဗီရိုပဲလုပ်တာကောင်းမယ်။

ညနေပိုင်းလည်း လမ်းလျှောက်ဖြစ်တယ်။ ခပ်မြန်မြန်ပါပဲ။ ဘုရားရှိခိုးပြီး အိပ်တော့မယ်။


Comments

Popular posts from this blog

How to become a good smoker

The Invitation

ဆုတောင်းခြင်း