Posts

Showing posts from September 13, 2020

ဘာစလုပ်မလဲ ဆိုတာကိုအကောင်အထည်ဖော်ခြင်း

 မနေ့က ဘာစလုပ်မလဲဆိုကို မနေ့ကည နဲ့ ဒီနေ့နံနက်က လုပ်ဖြစ်တယ်။ ဘုရားရှိခိုးတာပါ။ ပရိတ်က အရင်ဘုန်းကြီးဝတ်တုန်းက အလွတ်ကျက်ထားတွေ အကုန်မေ့ကုန်ပြီ။ အဲ့ဒီတုန်းက ကိုယ်ရင်တွေနဲ့ ကျောင်းထိုင်ဆရာတော်ကိုတောင် ပြန်အမှတ်ရမိတယ်။ နောက်ကြုံရင် သွားလည်ဦးမယ်။ ဆရာတော် ကပြောလိုက်တဲ့ စကားက စိတ်ထဲတစ်မျိုးကြီးပဲ။  နောက်ပြန်လာတော့မယ့် ပုံမပေါ်သလိုမျိုးကြီး။ ကိုယ်ရင်တွေရော ဆရာတော်ရော ကျန်းမာကြပါစေ။ ဒိုင်ယာရီကို နေ့စဥ်မှန်မှန်ပြန်ရေးမယ်။ ဖားအံသွားတုန်းက အကြောင်းရေးထားတာ ပြန်ဖတ်မိပြီး သဘောကျနေတာ။ ခရီးသွားဒိုင်ယာရီက အဲ့တုန်းကအချိန်ကို ပြန်ရောက်သွားသလိုခံစားရတယ်။ ဒီနေ့နံနက်လမ်းလျှောက်ထွက်တော့ ပိပိကို ဝင်ခေါ်ပြီး နံနက်စာ သွားစားလိုက်သေးတယ်။ ကိုဗစ်တွေဖြစ်နေတော့ဆိုင်ထိုင်ရတာ စိတ်သိပ်မသန့်ဘူး။ အိမ်ပြန်လာပြီး အလုပ်နည်းနည်းလုပ် အခုဒိုင်ယာရီရေးပေါ့။ အမေက သူ့မွေးနေ့အတွက် အင်းစိန်ဆေးရုံမှာ ပိုက်ဆံလှူဖို့ကို KBZ ကနေလွှဲပေးလိုက်တယ်။ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ သူ ၆၅ နှစ်ပြည့်ပြီ။ မေမေ ကျန်းမာပြီး ဘဝမှာ အေးအေးချမ်းချမ်းနေနိုင်ပါစေ။ သူ့မွေးနေ့ကို ရည်စူးပြီး ဘုန်းကြီးဝတ်တုန်းက ဆရာတော်ကို ဖုန်းဆက်ပြီး နဝကမ္မကို wave နဲ့ကပ်လိုက်

ရယ်ရတယ်

 ကိုယ့်ကိုယ်ကို တောင် ဘာမှန်းမသိတဲ့လူတစ်ယောက်က လောကကြီးအကြောင်းကို တွေးပြီး နားလည်ချင်နေတာ ဟာသဖြစ်နေပြီ။ တရားနာရတာ တော်တော်စိတ်ချမ်းသာဖို့ကောင်းတယ် မနေ့တနေ့က ကိုယ်ပိုင်သန့်နဲ့ messenger ကနေစကားနည်းနည်းပြောဖြစ်တယ်။ သူနဲ့သိခွင့်ရတာ ကံကောင်းမှုတစ်ခုပဲ။ အဲ့နေ့ကတော်တော့ကို စိတ်ဓါတ်ကျနေတာ။ သူ့အားပေး စကားတွေကြောင့် အားတက်ပြီး နေသာထိုင်သာရှိသွားတယ်။

ဘာစလုပ်မလဲ

 နံနက်အိပ်ယာထတိုင်း ဘုရားရှိခိုးမယ် အိပ်ရာဝင်တိုင်း သွားတိုက်မယ် ဘုရားရှိခိုးမယ် ဒီပို့စ်ကို သေချာကြည့် အမြဲတမ်းပြန်ဖတ် ဒါဟာအကျင့်ကို အစပျိုးခြင်းပဲ အရာရာဟာ အကျင့်ပဲ အကျင့်က အရာရာပဲ အခုသူငယ်တန်းပြန်ရောက်သွားသလိုပဲ အိပ်ယာထ သွားတိုက် မျက်နှာသစ် ကိုယ်ဟာ အရမ်းကို ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုအရမ်းအားနည်းတဲ့ လူသားတစ်ယောက်ဖြစ်တယ်

စိတ်လေခြင်း

 ကိုယ့်ကိုယ်ကိုအားမရခြင်း ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိတာ ငါတစ်ယောက်တည်းလား လူ့ဘဝမှာ ရည်မှန်းချက်မရှိတဲ့ လူတစ်ယောက်အဖြစ် နေတာအတော်ကြာပေါ့လား ဆေးလိပ်တွေ လှိမ့်သောက် ဘာကိုမှ ဂရုမစိုက် စိတ်စေရာနောက်ကို လျှောက်လိုက် ဟိုလိုလို ဒီလိုလိုနဲ့ ရှေ့လျှောက်ဘယ်လို ဆက်လက်နေထိုင်မလဲ ကိုယ့်လူ သောကဖြာဝေ လောကအထွေထွေ ကိစ္စများမြောင် လူတို့ဘောင်မှာ ငါတစ်ယောက် ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ရမယ် အံဝင် ချင်လို့တော့မဟုတ် ကိုယ့်မိဘကို အားနာလာလို့ ကိုယ့်ကိုယ်ကိုလည်း လေးစားမှုလေး တက်လာအောင်ပေါ့ ဘာပဲလုပ်လုပ် သေသေချာချာလုပ် ဘာပဲလုပ်လုပ် စိတ်ပါဝင်စားစွာလုပ် သိပ်မတွေးပဲ လက်တွေ့ပဲလုပ် အတွေးက လူကိုသတ်တယ် အသက်ကြီးပြီး အချိန်မစီးဘူးဆိုတာ ကိုယ်ပဲဖြစ်နေတာ