ရယ်စရာလေးတစ်ခု
မနေ့တနေ့က ကျွန်တော်ကျောင်းက food court 4 မှာနေ့လည်စာစားပြီး စာကြည့်တိုက်သို့ ထွက်လာခဲ့ပါတယ်။ ကျောင်းကြီးက ပိတ်ထားတော့ တိတ်ဆိတ်ပြီး ခြောက်ကပ်နေတဲ့အပြင် နေကလည်း အရမ်းကိုသာနေတာ ကော်ဖီအေးခွက်ကို ကိုင်ပြီး တစ်လှမ်းချင်း လမ်းလျှောက်ရင်း အထီးကျန်သလို ခံစားမှုမျိုးတော့ ရပါရဲ့ ဒါပေမယ့် ကွန်ကရစ်ခင်းထားတဲ့ လမ်းမပေါ်မှာ ဘေးမှာ ကားအနည်းငယ် ရပ်ထားတဲ့ လမ်းမအလယ်မှာ လျှောက်နေရတာ အထီးကျန်မှုကို အပြည့်အဝ မခံစားရသလို ဖြစ်နေလေရော။ စိတ်ထဲကလည်း အခုလို တိတ်ဆိတ်မှုမျိုး အခုလိုပူပြင်းတဲ့ ရာသီဥတုမျိုးမှာ သစ်ပင်တွေ စီစရီပေါက်နေတဲ့ မြေနီလမ်းကျဉ်းလေးမှာ တစ်ယောက်တည်း လမ်းလျှောက်ရလျှင် အထီးကျန်မှုကို အပြည့်အဝခံစားလို့ ရမှာဘဲလို့ တွေးနေခဲ့မိပါတယ်။ ထိုကဲ့သို့ မပီပြင်လှသော အထီးကျန်မှုကို ခံစားရင်း လမ်းလျှောက်နေတုန်း ကျွန်တော့်ခေါင်းပေါ်သို့ စွယ်တော်ရွက်လေးတစ်ရွက် ကြွေကျလာပါတယ်။ ကျွန်တော့်နားထဲမှာ ချက်ချင်းပဲ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တယ် ဆိုတဲ့ စကားသံကြားမိပြီး အနည်းငယ်ရယ်မိပါတယ်။ ကြားဖန်များလို့သာ သိတာပါ ဒါပေမယ့် စွယ်တော်ရွက်ကို ဘာလို့ အဲ့လိုပြောကြလဲဆိုတာ သေချာမတွေးမိပါဘူး။ ဘာကြောင့်ရယ်တာလဲ ဆိုတော့ ငယ်ငယ်က သူင...