Posts

Showing posts from April 28, 2011

အမေနဲ့အမေ့အကြောင်း(ကိုးဘွဲ့ရဆရာတော်)

အမေ နွေအခါမှာ ပိတောက် မိုးရောက်တော့ ပဒုမ္မာ ဆောင်းမှာတော့ သဇင်မင်း ရာသီအတွင်း ကြိုင်လှိုင် အလှချင်းပြိုင်ကြတဲ့အခါပေါ့။ အမေရဲ့ မေတ္တာတရား နွေမှာပဲ ပူနေနေ မိုးစွေလို့ပဲ အေးအေး သဇင်လေးတွေပွင့်တဲ့ရာသီ ဆောင်းမပီ့တပီမှာပဲဆိုဆို အပိုအလိုမရှိ ပကတိ မေတ္တာတရား ယိုစီးကျသွားတာတော့ အတူတူပဲနော်။ ဘယ်ရင်ခွင်ဘယ်လောက်အေးအေး ဘယ်ရေအေးဘယ်လောက်စင်စင် ဘယ်သခင် ဘယ်လို စောင့်ရှောက် စောင့်ရှောက် ဘယ်စကားဘယ်လောက်ချိုချို အမေ့ကိုတော့ မမှီနိုင် နို့ရည်အိုင်ထဲက အမေ့သား ဒါကြောင့်များ အားရှိတယ်ထင်ရဲ့။ "အမေ" လို့ ခေါ်ရတဲ့ အရသာ ရင်ခွင်မှာ လျှံဖိတ် ကြည်နူးမှု ပီတိစိတ်တွေနဲ့ အိပ်ရတာ ပျော်တယ်အမေ။ အမေဆိုတာ အင်အား အမေဆိုတာ ဉာဏ်ပညာ အမေဆိုတာ မေတ္တာပင်လယ် ကျယ်ပြောတဲ့ သည်စကား အမေဆိုတဲ့ အားတစ်ခုတည်းနဲ့ပဲ မမောနိုင်အောင် ပြေးခဲ့တဲ့ခရီး ဟော ခုတော့ တော်တော်ကြီးတောင် ရောက်ခဲ့ပါပြီ အမေ။ အမေ့ကို သတိရ ရွာပြန်လို့ လွမ်းကြတဲ့အခါ ရွာဝက ပိတောက်ပင်ကြီး ဆီးလို့သာ ပြုံးပြ မောရာက ပျော်တယ်အမေ။ သည်မြေ သည်ရေ သည်ယာမြေ စပါးတောမှာ ပျော်မောခဲ့တဲ့ အမေ့ရဲ့မေတ္တာတရား ဟော ခုထိ သင်းသင်းလေးတောင် ရှိ

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ တာဝန် ၄ ရပ်

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ တာဝန် ၄ ရပ် အကြောင်းမပြောခင် မြတ်စွာဘုရားရှင်အားလုံးတို့ရဲ့ မပြောင်းမလဲသော နေရာလေးခုကို အရင်သိထားသင့်ပါတယ်။ ၁ မြတ်စွာဘုရားရှင်တိုင်း သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသော ဗောဓိပင်တည်နေရာ ၂ မြတ်စွာဘုရားရှင်တိုင်း တရားဦး ဓမ္မစကြာတရားဟောတော်မူသောနေရာ ၃ မြတ်စွာဘုရားရှင်တိုင်း တာဝတိံသာနတ်ပြည်မှာ မယ်တော်ကျေးဇူးဆပ်ရန် အဘိဓမ္မာတရားတော်ဟောကြားတော်မူပြီး လူ့ပြည်သို့အပြန် ပထမဆုံးခြေဖဝါးစချသော နေရာ ၄ မြတ်စွာဘုရားရှင်တိုင်း ဇေတဝန်ကျောင်းတော်အတွင်းရှိ ကုတင်ခြေလေးချောင်းထောက်သောနေရာ ထိုလေးနေရာတို့သည် ပွင့်ခဲ့ပြီးသောမြတ်စွာဘုရားရှင်များနှင့် နောင်ပွင့်တော်မူမည့် ဘုရားရှင်တိုင်း ရှောင်လွဲမရသော တစ်လက်မပင် မရွေ့မလျော့သော တစ်ထပ်တည်းကျသော နေရားလေးခုပင်ဖြစ်ပါသည်။ ထို့အတူပင် လူဖြစ်လာပြီ ဆိုလျှင်လည်း ရှောင်လွဲမရသော လုပ်ငန်းတာဝန်လေးရပ်ရှိပါသည်။ ၁ ဗောဓိပင်ရင်းတွင် ကိလေသာအကုန်အစင် ပယ်ခွာနိုင်သောကြောင့် ကိလေသာကုန်ခမ်းရန်အားထုတ်သောလုပ်ငန်း နိဗ္ဗာန်ရောက်ကြောင်း အားထုတ်သောလုပ်ငန်းသည် အကောင်းဆုံးနှင့် အမွန်မြတ်ဆုံးလုပ်ငန်းပင်ဖြစ်ပါသည်။ ၂ တရားဦးဓမ္မာစကြာသည် သစ္စာလေးပါးအကြောင်းပင်ဖြစ်သည်။

အလုပ် နှင့် အလုပ်၏အကျိုး

ဗုဒ္ဓဘာသာဝင်တိုင်း အနည်းဆုံးမဖြစ်မနေ ယုံကြည်သင့်တဲ့ အချက်များတွင် အခြေခံကျသော အချက်တစ်ချက်ဖြစ်သော ကံ ကံ၏အကျိုး အကြောင်းနည်းနည်းပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ကံ ကံ၏အကျိုးကို ယုံကြည်ကြသော်လည်း အများစုမှာ ယုံကြည်မှုသက်သက်ဖြင့်သာ ယုံကြည်နေကြခြင်းဖြစ်သည်ဟု ခံယူမိပါသည်။ တကယ်သိ တကယ်နားလည်၍ လက်ခံကျင့်သုံးနှလုံးသွင်းမှသာ တကယ့်ဗုဒ္ဓဘာသာဝင်များဖြစ်နိုင်ကြပြီး ဖြစ်ရကျိုးလည်းနပ်ကြပါလိမ့်မည်ဟုထင်မိပါသည်။ ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ဗုဒ္ဓ = သစ္စာလေးပါးကို ကိုယ်တော်တိုင်ထိုးထွင်းသိမြင်သူအား ဘာသာ=ကိုးကွယ်ယုံကြည်မှု၌ ဝင်=သက်ဝင်သူ ဟူ၍ဖြစ်ပါသည်။ ဗုဒ္ဓကို ယုံကြည်သည်ဆိုလျှင် ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းဖြင့်သာ ယုံကြည်ခြင်းမြောက်ပါလိမ့်မည်။ ဗုဒ္ဓက ကံ ဆိုသည်မှာရှိသည် ကံ၏အကျိုးဆိုသည်မှာရှိသည် ယင်းကံနှင့်ကံ၏အကျိုးကို သမ္မာဒိဋ္ဌိ= ကောင်းစွာအမှန်သိမြင်ရမည်ဟု မိန့်တော်မူပါသည်။ ကောင်းစွာသိမြင်ရမည် ဟူသောအချက်မှာ အရမ်းကို အခြေခံကျပြီး အရေးကြီးပါသည်။ အများအားဖြင့် ကံဟုပြောလျှင် မမြင်ရသောကံ အတိတ်ကံ အကုသိုလ်ကံ ကုသိုလ်ကံ ဘုန်းကံဟု သဘောပေါက်ကြပါလိမ့်မည်။ ထိုကဲ့သို့သဘောပေါက်ရုံမျှနှင့် ကမ္မသက္ကတ္တာ သမ္မာဒိဋ္ဌိ