Posts

Showing posts from February 29, 2008

သူငယ်ချင်းတစ်ယောက်၏ဉာဏ်စမ်းပုစ္ဆာ

ကျွန်တော်ခုနှစ်တန်းကနဲ့တူတယ်။ သေချာမမှတ်မိတော့ဘူး။ ကျွန်တော်နှင့် ခုံတန်းတစ်ခုတည်း အတူထိုင်သော သူငယ်ချင်းစုထွေး ပြောသောဉာဏ်စမ်းလေးပါ။ သူလည်း ဘယ်ကသိခဲ့ကြားခဲ့လည်း မသိဘူး။ တော်တော်လေးကို ကောင်းတယ်။ ပုစ္ဆာက ဦးထုပ်ရောင်းတဲ့ လူကြီးတစ်ယောက်မှာ ဦးထုပ်ငါးလုံးရှိတယ်တဲ့။ သုံးလုံးကအနီ။ ကျန်နှစ်လုံးကအဖြူ။ အဲ့အကြောင်းကို သူက လူသုံးယောက်ကို ပြောပြပြီး ဦးထုပ်တစ်ယောက် တစ်လုံးစီ ဆောင်းပေးလိုက်တယ်။ ထိုလူသုံးယောက်က အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာမူပြီး လမ်းလျှောက်သွားတယ်ဆိုတော့ကာ နောက်ဆုံးက လျှောက်တဲ့သူက သူ့ရှေ့ကလျှောက်တဲ့ လူနှစ်ယောက်ရဲ့ ဦးထုပ်ကို မြင်နေရတာပေါ့။ ထို့အတူ အလယ်က တစ်ယောက်ကလည်း သူ့အရှေ့က လျှောက်တဲ့ ပထမဆုံးလူရဲ့ဦးထုပ်ကို မြင်နေရတာပေါ့နော်။ ရှေ့က ပထမဆုံးလျှောက်သွားတဲ့သူက ဘယ်သူ့ဦးထုပ်မှ မမြင်ရဘူးပေါ့။ သူကလည်း ဘယ်သူ့ဦးထုပ်မှ မမြင်ရရင်နေပလေ့စေပေါ့။ သူ့ဦးထုပ်ရဲ့ အရောင်ကိုတော့ သူသိချင်တယ်လေ။ အဲ့တော့သူက မေးခွန်းတစ်ခုကို သူ့နောက်က နှစ်ယောက်ကို လမ်းလျှောက်ရင်း မေးတယ်။ ဟေ့ကောင်တွေပေါ့ မင်းတို့တွေ ကိုယ့်ဦးထုပ်ရဲ့ အရောင်တွေကို ကိုယ်သိလားလို့ မေးတော့ နှစ်ယောက်လုံးက မသိဘူးလိ

လူအမျိုးမျိုးစိတ်အထွေထွေ

ကျွန်တော်ဆယ်တန်းအောင်စာရင်းမထွက်မီ တက်ခဲ့တဲ့ သင်တန်းတွေက အများကြီးဘဲ။ ဘာတခုမှ သေသေချာချာတတ်တယ်လို့ကို မရှိဘူး။ Auto Cad ကလွဲလို့ပေါ့။ ဪမြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ ကျွန်တော့လို မဖြစ်ကြပါစေနဲ့ ဆိုတဲ့ရည်ရွည်ချက်နဲ့ ရေးလိုက်တာပါ။ တခုခုကို သေသေချာချာဇောက်ချပြီး လုပ်သင့်တယ်။ လောဘမကြီးသင့်ဘူး။ တခုမှ မလုပ်ဘဲ စိတ်လေနေတာမျိုးကျတော့လည်း မကောင်းပြန်ဘူး။ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့လေ အခုကျောင်းပိတ်ရက်အတွင်း ကျွန်တော်ဖြစ်နေလိုသလိုမျိုးပေါ့။ ဒါကြောင့် ဘလော့ရေးဖြစ်တာလည်း ပါတယ်။ ဆယ်တန်းအောင်စာရင်းစောင့်နေတုန်းက ကိုးတန်းမှာ စခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာတယ်။ သူက မင်းနိုင်ငံခြားသွားအထူးအမြန်သင်တန်းတက်နေတယ်ကြားလို့ ဆိုပြီးဖုန်းဆက်လိုက်တာတဲ့။ အဲ့အချိန်တုန်းက နိုင်ငံခြားပိုးဝင်နေတာ။ သွားချင်လိုက်တာလည်း နန့်နန့်တက်ပဲလေ။ အသိအန်တီတစ်ယောက်က ပိုလီအကြောင်း ပြောဖူးတော့သူငယ်ချင်းကို ပိုလီသွားမလို့လို့ ပြောလိုက်တာ။ ဝင်ခွင့်စာမေးပွဲဖြေဖို့ အတွက်လည်းစုံစမ်းပြီးပြီ။ အောင်စာရင်းထွက်တာနဲ့ သွားတက်မှာလို့ ပြောတော့သူလည်း စိတ်ဝင်စားတယ်တဲ့ အောင်စာရင်းထွက်ရင် အတူတူသွားတက်ကြဖို့ ပြောရင်း

သူငယ်ချင်းတစ်ယောကပြောသောပိုက်ဆံ

ဒီနေ့သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်မှုကို လက်ခံနားထောင်ပေးခဲ့တယ်။ သူ့ရှိကနေပြီးဘဝသင်ခန်းစာအများကြီးရလိုက်တယ်။ အဲ့ဒီသူငယ်ချင်းဆိုတာက ကိုးတန်း၊ဆယ်တန်းတုန်းက ကျွန်တော်နဲ့တစ်ခန်းတည်းအတူတူ ပိုလီဝင်ခွင့်အတွက် ကျူရှင်တတ်တော့လည်းအတူတူ၊ ဝင်ခွင့်အောင်တော့လည်း တစ်ကျောင်းတည်းအတူတူ၊ စင်ကာပူကိုထွက်တာလည်းအတူတူ၊ စင်ကာပူရောက်ပြန်တော့လည်း သူ့အစ်ကိုအိမ်မှာအတူတူတည်းပြီး အိမ်ငှားတော့လည်းအတူတူ၊ အချိန်ပိုင်းအလုပ်လုပ်တော့လည်းအတူတူ၊ အိမ်ပြောင်းတော့လည်းအတူတူ၊ ပြောင်းခဲ့တဲ့သူငယ်ချင်း။ သူနဲ့ပေါင်းလာတာတော်တော်ကြာပြီ။ သူဒီလောက်ဒေါသထွက်ပြီး စိတ်ဆိုးတာဒီတစ်ခါဘဲ တွေ့ဖူးသေးတယ်။ မနေ့ညက အချိန်ပိုင်းအလုပ်က ပြန်ခါနီးအလုပ်ထဲက ငွေကိုင်လုပ်တဲ့မြန်မာအမကြီးက ကုမ္ပဏီကပေးထားတဲ့ တစ်လစာလုပ်အားခစလစ်တွေပေးတယ်။ အခုတလောသူတို့ဆိုင်က အချိန်ပိုင်းအလုပ်သမားအသစ်တွေတိုးလာတယ်။ သူတို့ဆိုင်လို့ဘာလို့ပြောလည်း ဆိုတော့အဲ့သူငယ်ချင်းနဲ့ကျွန်တော်က ကုမ္ပဏီသာတူတာဆိုင်ကမတူဘူး။ ဆိုင်ချင်းတော့နီးတယ်။ သူကထိုင်းစားသောက်ဆိုင်၊ ကျွန်တော်က ဘာလီအင်ဒိုနီးရှားစားသောက်ဆိုင်မှာလုပ်တာ။ အခုဆိုရင် ကျွန်တော်တို့အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ တစ်နှစ်ခွဲနီးပ