Posts

Showing posts from July 27, 2023

How to become a good smoker

  Smoking is bad and that is a true fact. So we, smokers, shouldn't smoke recklessly. We should make some benefits from smoking. A few tips to become a good smoker - Enjoy smoking. Do not think and do anything while smoking. Feel the wind, the weather. Feel the heat from burning tobacco. Enjoy seeing the smoke and the ashes flying and fade away. Do not rush. Relax and slowly suck in the smoke and feel the passage of the smoke inside your respiration system. Feel the nicotine effect. Enjoy seeing the burning of a cigarette. After finished, throw the bud carefully, gurgle and drink water and then carry on with your whatsoever doing. By following above tips we can reduce smoking amounts because you need to give some time and smoking can be added as another luxury for a basic class of people. It is not that easy to become a good smoker. Aye.

The Invitation

မင်းဘာအလုပ်လုပ်လဲဆိုတာကို ငါစိတ်မဝင်စားဘူး မင်းဘာကိုကြောက်တယ်ဆိုတာရယ် မင်းနုလုံးသားတောင့်တတာကို ဖြည့်ဆည်းဖို့အတွက် မင်းအိပ်မက်မက်ရဲလားဆိုတာကိုတော့ ငါသိချင်တယ်။ မင်းအသက်အရွယ်ကို ငါစိတ်မဝင်စားဘူး။ မေတ္တာ မင်ရဲ့အိပ်မက် အသက်ရှင်ခြင်းအတွက် စွန့်စားမှုတွေအတွက် မင်းဟာ အရူးတစ်ယောက်လို့အထင်ခံရတဲ့အထိ ရင်းရဲလားဆိုတာကိုတော့ ငါသိချင်တယ်။ မင်းရဲလမင်းကို တခြားဂြိုလ်တွေက လွှမ်းမိုးခြင်းကို ငါစိတ်မဝင်စားဘူး။ မင်းရဲ့ဝမ်းနည်းမှုရဲ့ ဗဟိုကိုမင်းထိပြီးပြီလားဆိုတာကို ငါသိချင်တယ်။ ဘဝရဲ့ ဖောက်ပြန်မှုတွေကို မင်းကြိုနေပြီးသားလား? မင်း တွန့်နေပြီလား? မင်း နာကျင်မှုတွေ ထပ်မခံစားချင်တော့လို့ ခံစားမှုတွေမရှိတော့ဘူးလားဆိုတာကိုတော့ ငါသိချင်တယ်။ ငါရဲ့ ဒါမှမဟုတ် မင်းရဲ့ နာကျင်မှုတွေကို ဖုန်းကွယ်ဖို့ ဟန်ဆောင်ဖို့ ပြင်ဆင်ဖို့ မကြိုးစားဘဲ နေ‌နိုင်ပြီလားဆိုတာကိုတော့ ငါသိချင်တယ်။ ငါ့ရဲ့ ဒါမှမဟုတ် မင်းရဲ့ဝမ်းမြောက်မှုတွေနဲ့အတူ တောရဲထဲမှာ ကခုန်နိုင်ပြီးလား ငါတို့ကို ဂရုစိုက်ပါဦး လက်တွေ့ကျစမ်းပါဟ ငါတို့က လူပဲလေဆိုတဲ့ ကန့်သတ်ချက်တွေကို သတိပေးစရာမလိုပဲ စိတ်ဓါတ်တက်ကြွမှုတွေက မင်းရဲ့ လက်ဖျား ခြေဖျားထိပ်တွေအထိ ပြည့်နှက်သွားတာကို မင်

ဆုတောင်းခြင်း

 တနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ကြရင်း သူက ဗုဒ္ဓဘာသာမှာ ဆုတောင်းတာမရှိဘူး ဆုတောင်းလည်း မပြည့်ဘူးလို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့တုန်းက ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆုတောင်းတာကို မယုံဘူး။ ဆုတောင်းတာနဲ့ ပတ်သက်ပြီး သေချာလည်း မစဉ်းစားဖူးဘူး။ သူမေးမှပဲ စဉ်းစား ဖြစ်တော့တယ်။ ဆုတောင်းတာကို အဓိပ္ပာယ်ဖွင့်လိုက်တော့ ဆု နဲ့ တောင်းတာဆိုပြီး ရပါတယ်။ တောင်းတာကတော့ လူတိုင်း တောင်းဖူးပါတယ်နော်။ တောင်းတယ်ဆို့တာ ပေးတဲ့လူရှိမှ တောင်းလို့ရပါတယ်။ အဲ့ဒီတော့ ဆုရယ် ဆုတောင်းတဲ့သူရယ်  တောင်းတာရယ် ပေးတဲ့သူရယ် ဆိုပြီးလေးမျိုး ထွက်လာပါတယ်နော်။ ဆုတောင်းတဲ့သူက လိုချင်တာရှိလို့ ဆုပေးတဲ့သူဆီက ဆုတောင်းပါတယ်။ ဆု ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါမယ်။ ကျောင်းသားတစ်ယောက် ပထမရတယ် ဆိုကြပါစို့။ ကျောင်းအုပ်ကြီးက အဲ့ကျောင်းသားကို ပထမဆုအနေနဲ့ ရွှေတံဆိပ်ဆုချပါတယ်။ အဲ့တော့ ဆု နှစ်မျိုးထွက်လာပါတယ်။ ပထမရခြင်းဆိုတာနဲ့ ပထမရခြင်းကို အသိအမှတ်ပြုတဲ့ ရွှေတံဆိပ်ဆု။ ပုံမှန်ကြည့်ရင်တော့ နှစ်မျိုးလုံးဆု ပါပဲ။ သေချာစဉ်းစားရင် အတု နဲ့ အစစ် ဆိုပြီးနှစ်ခု ကွဲနေပါတယ်။ ရွှေတံဆိပ်ဆု ဆိုတာ ပထမရခြင်းကို အသိအမှတ်ပြုထားတာပါ။

FB ပေါ်မှ တစ်ရာဖိုး သုံးပုဒ်များ

ယနေ့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နေကြတာနဲ့ ပတ်သက်ပြီး အားပေးထောက်ခံ ဆွေးနွေးတဲ့အနေနဲ့ ဒီဆောင်းပါးကိုရေးခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးငြိမ်းချမ်းရေး ဆိုတဲ့ဝေါဟာရကို ဆွေးနွေးတင်ပြပါမယ်။ Peace ကိုစာရေးသူအနေနဲ့ အဓိပ္ပါယ်ဖွင့်ရင် no conflict ဖြစ်ပါတယ်။ Conflict ကိုမြန်မာလိုပြန်ပြီး အဓိပ္ပါယ်ဖွင့်ရင် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများပါဝင်နိုင်သော အငြင်းပွါးမှုဖြစ်ပါတယ်။ Peace ဆိုတာဟာ conflict မရှိတာဖြစ်ပါတယ်။ Conflict ဘာကြောင့်ဖြစ်ရလဲဆိုတာကို စမ်းဆစ်ကြည့်ရင် comparison နှိုင်းယဉ်ခြင်းက အစပြုတာကို တွေ့ရပါတယ်။ ကိစ္စတစ်ခု ကိုကောင်းတယ်လို့ ထင်တဲ့လူရယ် မကောင်းဘူးလို့ ထင်တဲ့လူရယ် နှိုင်းယှဉ်ကြရင်း သဘောတူညီမှု မရရှိဘဲ conflict ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ Conflict ဖြစ်ပေါ်လာတာနဲ့ သူရဲ့အထက်ဖော်ပြပါ definition အတိုင်း ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများ ပါဝင်လာတဲ့အတွက် ရလဒ်ကောင်းဖြစ်ဖို့ နည်းပါတယ်။ ဒါကြောင့်မို့လို့ အငြင်းပွါးမှုဟာ အငြင်းပွါးမှုနေရာ၌ သာရပ်ပြီး သဘောတူညီမှုရဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ နည်းနည်း ထပ်ပြီး တွေးကြရအောင်။ ဘာကြောင့်နှိ