ဘာစလုပ်မလဲ ဆိုတာကိုအကောင်အထည်ဖော်ခြင်း

 မနေ့က ဘာစလုပ်မလဲဆိုကို မနေ့ကည နဲ့ ဒီနေ့နံနက်က လုပ်ဖြစ်တယ်။

ဘုရားရှိခိုးတာပါ။ ပရိတ်က အရင်ဘုန်းကြီးဝတ်တုန်းက အလွတ်ကျက်ထားတွေ အကုန်မေ့ကုန်ပြီ။

အဲ့ဒီတုန်းက ကိုယ်ရင်တွေနဲ့ ကျောင်းထိုင်ဆရာတော်ကိုတောင် ပြန်အမှတ်ရမိတယ်။

နောက်ကြုံရင် သွားလည်ဦးမယ်။

ဆရာတော် ကပြောလိုက်တဲ့ စကားက စိတ်ထဲတစ်မျိုးကြီးပဲ။ 

နောက်ပြန်လာတော့မယ့် ပုံမပေါ်သလိုမျိုးကြီး။

ကိုယ်ရင်တွေရော ဆရာတော်ရော ကျန်းမာကြပါစေ။

ဒိုင်ယာရီကို နေ့စဥ်မှန်မှန်ပြန်ရေးမယ်။

ဖားအံသွားတုန်းက အကြောင်းရေးထားတာ ပြန်ဖတ်မိပြီး သဘောကျနေတာ။

ခရီးသွားဒိုင်ယာရီက အဲ့တုန်းကအချိန်ကို ပြန်ရောက်သွားသလိုခံစားရတယ်။

ဒီနေ့နံနက်လမ်းလျှောက်ထွက်တော့ ပိပိကို ဝင်ခေါ်ပြီး နံနက်စာ သွားစားလိုက်သေးတယ်။

ကိုဗစ်တွေဖြစ်နေတော့ဆိုင်ထိုင်ရတာ စိတ်သိပ်မသန့်ဘူး။

အိမ်ပြန်လာပြီး အလုပ်နည်းနည်းလုပ် အခုဒိုင်ယာရီရေးပေါ့။

အမေက သူ့မွေးနေ့အတွက် အင်းစိန်ဆေးရုံမှာ ပိုက်ဆံလှူဖို့ကို KBZ ကနေလွှဲပေးလိုက်တယ်။

လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ သူ ၆၅ နှစ်ပြည့်ပြီ။

မေမေ ကျန်းမာပြီး ဘဝမှာ အေးအေးချမ်းချမ်းနေနိုင်ပါစေ။

သူ့မွေးနေ့ကို ရည်စူးပြီး ဘုန်းကြီးဝတ်တုန်းက ဆရာတော်ကို ဖုန်းဆက်ပြီး နဝကမ္မကို wave နဲ့ကပ်လိုက်မယ်။

ဘဝမှာ ပျော်အောင်ဆိုတာ ထက် အဆင်ပြေအောင်နေနိုင်ဖို့ ကြိုးစားရမယ်။

ခြေလှမ်းစိပ်စိပ်လှမ်းရမှာပေါ့။

စင်ကာပူမှာနေတုန်းက ၁၀ ကီလိုပြေးခဲ့တာကို အမှတ်ရမိတယ်။

ပန်းဝင်ခါနီးရတဲ့ ခံစားချက်က တကယ် စိတ်ဓါတ်တက်စေတဲ့ အားမျိုးရှိတယ်။



Comments

Popular posts from this blog

အပြစ်ဟူသည်

The awakening of a society

Travel Diary 1.5