လူအမျိုးမျိုးစိတ်အထွေထွေ

ကျွန်တော်ဆယ်တန်းအောင်စာရင်းမထွက်မီ တက်ခဲ့တဲ့ သင်တန်းတွေက အများကြီးဘဲ။
ဘာတခုမှ သေသေချာချာတတ်တယ်လို့ကို မရှိဘူး။
Auto Cad ကလွဲလို့ပေါ့။
ဪမြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ ကျွန်တော့လို မဖြစ်ကြပါစေနဲ့ ဆိုတဲ့ရည်ရွည်ချက်နဲ့ ရေးလိုက်တာပါ။
တခုခုကို သေသေချာချာဇောက်ချပြီး လုပ်သင့်တယ်။
လောဘမကြီးသင့်ဘူး။
တခုမှ မလုပ်ဘဲ စိတ်လေနေတာမျိုးကျတော့လည်း မကောင်းပြန်ဘူး။
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့လေ အခုကျောင်းပိတ်ရက်အတွင်း ကျွန်တော်ဖြစ်နေလိုသလိုမျိုးပေါ့။
ဒါကြောင့် ဘလော့ရေးဖြစ်တာလည်း ပါတယ်။

ဆယ်တန်းအောင်စာရင်းစောင့်နေတုန်းက ကိုးတန်းမှာ စခင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းလာတယ်။
သူက မင်းနိုင်ငံခြားသွားအထူးအမြန်သင်တန်းတက်နေတယ်ကြားလို့ ဆိုပြီးဖုန်းဆက်လိုက်တာတဲ့။
အဲ့အချိန်တုန်းက နိုင်ငံခြားပိုးဝင်နေတာ။
သွားချင်လိုက်တာလည်း နန့်နန့်တက်ပဲလေ။
အသိအန်တီတစ်ယောက်က ပိုလီအကြောင်း ပြောဖူးတော့သူငယ်ချင်းကို ပိုလီသွားမလို့လို့ ပြောလိုက်တာ။
ဝင်ခွင့်စာမေးပွဲဖြေဖို့ အတွက်လည်းစုံစမ်းပြီးပြီ။
အောင်စာရင်းထွက်တာနဲ့ သွားတက်မှာလို့ ပြောတော့သူလည်း စိတ်ဝင်စားတယ်တဲ့ အောင်စာရင်းထွက်ရင်
အတူတူသွားတက်ကြဖို့ ပြောရင်းနဲ့ သူ့အကြောင်း ကိုယ့်အကြောင်း စပ်စုကြတာပေါ့။
အောင်စာရင်းမထွက်မီ သူနဲ့အတူ လှည်းတန်းက ဦးဝင်းနိုင်မှာ English စာသင်တန်း သွားတက်လိုက်သေးတယ်။
သင်တန်းကတော့စုံသလားမမေးနဲ့။
ဆယ်တန်းအောင်စာရင်းထွက်တော့ ဂုဏ်ထူးလေးလုံးနဲ့အောင်တယ်။
အမှတ်လည်းမဆိုးပါဘူး။
ကိုယ့်ကိုယ်ကို ကျေနပ်တယ်လို့ ပြောလို့ရပါတယ်။
အဲ့တုန်းက မိဘတွေက နိုင်ငံခြားကို မသွားစေချင်ကြဘူး။
သူတို့တွေက ကိုယ့်သားလေး ဘာဖြစ်မယ်ဆိုတာကို ကြိုသိနေကြတယ်လေ။
ကိုယ်ကလည်း ပိုးဝင်နေတဲ့သူ ဆိုတော့မရဘူးသွားမယ် ဘဲပေါ့။

အဒေါ်တွေဆိုရင် သူ့တို့တူလေး ကျွန်တော့ကို ဆရာဝင်တအားဖြစ်စေချင်တာ။
မုန့်ဖိုးတစ်လ ဘယ်လောက်ထောက်ပံ့မယ်ပေါ့။
ဆရာဝင်လုပ်ပါဆိုပြီး တိုက်တွန်းကြတယ်။
အမေက လူတစ်မျိုး။
ဪအဲ့လိုလည်း ပြောလို့မရပါဘူး။
လူတိုင်းက တစ်ယောက်တစ်မျိုးစီကိုး။
သူကတက္ကသိုလ်ဆရာမလည်းဖြစ် ကျူရှင်မပြတဲ့လူလည်းဖြစ်ပြန်ဆိုတော့
သူ့သား ဆေးကျောင်းတက်ရင် ကျူရှင်ထားစရာမလိုတဲ့ စစ်ဆေးသွားပါလားတဲ့။
ဪအမေ အမေ။
ကိုယ့်သားကြီးတုန်းက အမှတ်မကောင်းလို့ ဆိုပြီစစ်အင်ဂျင်နီယာကို ပို့လိုက်တယ်။
အဲ့ဒါက သူ့အတွက် အကောင်းဆုံးလမ်းဘဲတည့်။
သူ့ဟာနဲ့ သူတော့ မှန်ပါတယ်လေ။
စစ်ဆိုတာက လိုက်နိုင်မှ နေရာကောင်းကောင်းရတာ။
သူ့သားအကြီးတုန်းကလည်း မလိုက်ခဲ့လို့ နေရာကောင်းကောင်း မရခဲ့တာ
သူလည်း အသိဘဲကို ပိုက်ဆံမကုန်ဘူးဆိုတာ ကပါသေးတယ်။
ဒီကြားထဲ သားနှစ်ယောက်လုံး စစ်ထဲဝင်ရင် လူမှုဝန်ထမ်းကောင်း ဆုရမယ်ဆိုတာက ပါသေးတယ်လေ။
ဪလူတွေလူတွေ တစ်မျိုးစီပဲနော်။

Comments

Popular posts from this blog

အပြစ်ဟူသည်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ကိုဗစ်ကာလ အလုပ်တွေကများ