Empowerment for a Culture of Peace and Development

       
At its third meeting, held at San Jose', Costa Rica, 22-6 February 1994, the World Commision on Culture and Development set itself three goals, the third of which was 'to promote a new cultural dynamic: the culture of peace and culture of development'. The Commission undertook to 'endeavour to recommend the concrete measures that could promote, on a national and international scale, a culture of peace' and went on to state that ' a culture of peace, culture of democracy and culture of human rights are indivisible. Their effective implementation must result in a democratic management and ......................... the prevention of intercultural conflicts.

၁၉၉၄ ခုနစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၆ ရက်နေ့အတွင်း Costa Rica နိုင်ငံ San Jose' မြို့တွင်    ကျင်းပခဲ့သော တတိယအကြိမ်မြောက် the World Commission on Culture and Development (အစဉ်အလာ/လုပ်ရိုးထုံးစံနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့အကြံပေးဆွးနွေးပွဲ) မှ ပန်းတိုင် ၃ ခု ချမှတ်နိုင်ခဲ့ပါသည်။ တတိယမြောက် ပန်းတိုင်မှာ ငြိမ်းချမ်းရေး၏ အစဉ်အလာနှင့် ဖွံဖြိုးတိုးတက်မှု၏ အစဉ်အလာများ

သည် အမြဲသစ်လွင်ပြောင်းလဲနေသော အစဉ်အလာများဖြစ်ပြီး ၎င်းတို့ကို ကူညီမြှင့်တင်ပံ့ပိုးပေးရန်ဖြစ်ပါသည်။ငြိမ်းချမ်းရေး အစဉ်အလာများကို နိုင်ငံတစ်ခုချင်းစီတိုင်း ဒါမှမဟုတ် နိုင်ငံတကာအနေဖြင့် ကူညီမြှင့်တင်ပံ့ပိုးပေးရန်အတွက် ခိုင်မာသာ သတ်မှတ်ချက်များကို  အကြံပေးတင်ပြ ဆွေးနွေးခဲ့ကြသလို ငြိမ်းချမ်းရေး ဒီမိုကရေစီနှင့် လူ့အခွင့်းအရေး တို့၏ အစဉ်အလာများသည် ခွဲခြားလို့မရကြောင်းကိုလည်း တင်ပြခဲ့ပါသည်။ ထိုသတ်မှတ်ချက်များ ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် ဒီမိုကရေစီ

နည်းလမ်းအရ စီမံခန့်ခွဲမှု အဖြစ်သို့  ဆိုက်ရောက်မှသာ ..........................အစဉ်အလာများကြောင့်ဖြစ်သော ပဋိပက္ခများကို ကာကွယ်နိုင်မည်ဖြစ်သည်။

Peace as a goal is an ideal which will not be contested by any government or nation, not even the most belligerent. And the close interdependence of the culture of peace and the culture of development also finds ready acceptance. But it remains a matter of uncertainty how far governments are prepared to concede that democracy and human rights are indivisible from the culture of peace and therefore essential to sustained development. There is ample evidence that culture and development can actually be made to serve as pretexts for resisting calls for democracy and human rights. It is widely know that some governments argue that democracy is a Western concept alien to indigenous values; it has also been asserted that economic development often conflicts with political (i.e. democratic) rights, and that the second should necessarily five way to the first. In the light of such arguments culture and development need to be carefully examined and defined that they may not be used, or rater, misused, to block the aspirations of peoples for democratic institutions and human rights.

ငြိမ်းချင်းရေးသည် ပန်းတိုင်ဖြစ်သည်ဆိုသည်မှာ ထုံးစံဖြစ်သည်ကို မည်သည့်အစိုးရ မည်သည့်နိုင်ငံမဆို

ငြင်း၍ရနိုင်မည်မဟုတ်ပေ။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့၏ အစဉ်အလာများသည်လည်း တခုနှင့်တခု နီးကပ်စွာမှီခိုလျှက်နွယ်နေသည်ကိုလည်း လက်ခံသိရှိကြပါသည်။ သို့သော် အစိုးရများအနေဖြင့် မည်မျှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့သည် ငြိမ်းချမ်းရေးအစဉ်အလာများနှင့် ခွဲခြားလို့မရကြောင်းနှင့် ၎င်းသည် အမြဲလုံလောက်စွာတည်မြဲနေနိုင်သော ဖွံဖြိုးတိုးတက်မှုဖြစ်ရန်အတွက် အရေးပါကြောင်းကို လက်တွေ့လက်ခံကျင့်သုံးထားမှုမှာ မသေချာသောကိစ္စတစ်ရက်အနေဖြင့် ကျန်ရှိနေပါသည်။ အစဉ်အလာနှင့် ဖွံ့ဖြိုးတိုးတက်မှုများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆန့်ကျင်လှုံ့ဆော်မှုများအတွက် လည်းအသုံးပြုနိုင်သော မက်လုံးပေးမှုများဖြစ်နိုင်ကြောင်း ခိုင်လုံသောဥပမာများစွာရှိပါသည်။ အချို့အစိုးရများသည် ဒီမိုကရေစီဆိုသည်မှာ မူလပထမရှိပြီးဖြစ်သော တန်ဖိုးများနှင့် မည်သို့မျှမသက်ဆိုင်သော အနောက်တိုင်း၏ ခံယူချက်ဖြစ်ကြောင်း ငြင်းခုံကြသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။ ထို့အပြင် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် တခါတရံ နိုင်ငံရေးအခွင့်အရေးများနှင့် ပဋိပက္ခဖြစ်သောကြောင့် ၎င်းအခွင့်အရေးများထက် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးသင့်ကြောင်း သတ်မှတ်ကြသည်လည်းရှိသည်။ ထိုကဲ့သို့ သတ်မှတ်ချက်များကို သိရှိပြီးဖြစ်သောကြောင့် အစဉ်အလာနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတို့ရဲ့ ဒီမိုကရေစီမှ ဖော်ဆောင်ပေးသော ယန္တယားများနှင့် လူ့အခွင့်အရေး အပေါ်ထားရှိသော မြတ်နိုးတန်ဖိုးထားမှုများကို ပိတ်ပင်တားဆီးမှုများမဖြစ်စေရန် ၎င်းအစဉ်အလာနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို သေချာစွာ လေ့လာဆုံးဖြတ်ပြီး သတ်မှတ်အဓိပ္ပါယ်ဖွင့်သင့်ပါသည်။

The unsatisfactory record of development in many parts of the world and the ensuing need for a definition of development which means more than mere economic growth became a matter of vital concern to economists and international agencies more than a decade ago. In A New Concept of Development published in 1983, Francois Perroux stated that 'development has not taken place: it represents a dramatic growth of awareness, a promise, a matter of survival indeed; intellectually, however, it is still only dimly perceived'. Later in the same book he asserted that 'personal development, the freedom of persons fulfilling their potential in the context of the vales to which they subscribe and which they experience in their actions, is one of the mainsprings of all forms of development.'

ကမ္ဘာ့နေရာအများတွင် စိတ်ကျေနပ်ဖွယ်မရှိသော ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းများနှင့် စီးပွားရေးဆိုင်ရာ ကြီးထွားမှုမျှသာမဟုတ်ဘဲ တကယ့်အမှန်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ဆက်လက်လိုအပ်နေသေးသည်မှာ စီးပွားရေးပညာရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွက် အလွန်အရေးကြီးသော စိုးရိမ်ပူပန်မှုများဖြစ်သည်။ ထိုကဲ့သို့ဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲပြီဖြစ်သည်။ Francois Perroux ရဲ့ ၁၉၈၃ တွင်ထုတ်ဝေခဲ့သော A new concept of Development တွင် ဖွံ့ဖြိုးတိုးတက်မှုက မဖြစ်သေးပါဘူး။ အမှန်တော့ သတိရှိမှုတွေ ကတိတွေ ရှင်သန်ဖို့အတွက်အရာတွေကသာ ရုတ်တရက်အလျှင်အမြန် ကြီးထွားလာတာပါ။ ပညာပိုင်းဆိုင်ရာအားဖြင့် အနည်းငယ် သိတယ်ဆိုရုံလေးသာသာပဲရှိပါသေးတယ်။  ထိုစာအုပ်ရဲ့နောက်ပိုင်းမှာပဲ လူတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ ထိုလူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်နိုင်ချေရှိတာတွေကို ၎င်းတို့ခံယူထားတဲ့ တန်ဖိုးတွေနဲ့ ၎င်းတို့ပြုမူဆောင်ရွက်မှုတို့ရဲ့ ၎င်းတို့ကိုယ်တိုင် ‌တွေ့ကြုံခံစားရတဲ့ အတွေ့အကြုံတွေ ပေါ်အခြေခံပြီး ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာ ဖော်ဆောင်နိုင်ခြင်းသည်သာလျှင် အလုံးစုံသော ဖွံ့ဖြိုးတိုးတက်မှုအားလုံးရဲ့ အဓိကကျတဲ့ လှုံ့ဆော်တိုက်တွန်းပေးမှုများထဲက တစ်ခုပဲဖြစ်ပါတယ် လို့ဆိုထားပါတယ်။

သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာဆိုရင်ဖြင့် လူသား နဲ့အစဉ်အလာတို့ရဲ့ တန်ဖိုးများကို မည်သည့် အတိုင်းအတာမျိုးနှင့်မဆို စီးပွားရေးအရဖြစ်စေ အခြားဖြင့်ဖြစ်စေ တိုးတက်မှုဖြစ်စဉ်တွေကို တိုင်းတာဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ်ချပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ UN ရဲ့ Development Programme တွေ

မှာဆိုရင်လည်း ၁၉၈၀ မှစတင်ပြီး ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ရဲ့ ကွဲပြားချက်တွေကို ဖော်ထုတ်လာတာတွေ့ရှိရပါတယ်။ ၁၉၉၀ မှစတင်ပြီး လူသားတို့ရဲ့ အဓိက ဖွံ့ဖြိုးတိုးတက်မှုကို UNDP မှ Human Development Report ဖြင့် ပထမဦးဆုံးထုတ်ဝေပြီး အသိအမှတ်ပြုခဲ့ပါတယ်။ အဲ့ဒီ Report ရဲ့အဓိက ဦးတည်တာကတော့ ပြည်သူတို့ရဲ့ ပါဝင်ပတ်သက်မှု များသည် ကျွန်မတို့ လက်ရှိအချိန်အတွက် ဗဟိုကျတဲ့ ပြဿနာများပဲဖြစ်ပါတယ်။



လူသားဖွံ့ဖြိုးတိုးတက်မှု အဓိပ္ပါယ်ဖွံ့ဆိုချက်တွေဟာ နိုင်ငံတကာ စီးပွားရေးပညာရှင်တွေနဲ့ အုပ်ချုပ်သူတွေကြားမှာ လွှမ်းမိုးတဲ့ အဖြစ်ဖြင့်စတင်နေပြီဖြစ်သော်လည်း ဈေးကွက် စီးပွားရေးကတော့ ထင်ရှားစွာပဲ အစိုးရအများစုရဲ့ လျှင်မြန်ပြီး သေချာတဲ့ ပစ္စည်းပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုအတွက် အဓိကမီးမောင်းထိုးပြလျှက်ရှိပါတယ်။ စီးပွားရေးဆိုင်ရာ သတ်မှတ်ချက်များဖြင့် မိမိနိုင်ငံတွင်တွေ့ကြုံနေရသော ပြဿနာမှန်သမျှကို ဖြေရှင်းနိုင်မယ်လို့ ယူဆထားကြပါတယ်။ စီးပွားရေးဟာ ဆိုရင်ဖြင့် 'deus ex machina, မိမိတို့မြင်ချင်တဲ့ သစ်လွင်တောက်ပသော အာရှကို ရောက်ရှိနိုင်မဲ့ တံခါးဟူသမျှကို ဖွင့်ပေးနိုင်တဲ့ အရေးအကြီးဆုံးသော့တစ်ချောင်းပဲဖြစ်ပါတယ်။ ကျန်းမာတဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ စိမ်ခေါ်မှုတွေကို အောင်မြင်စေနိုင်တဲ့အထိ အရေးပါအရာရောက်တယ်လို့ ထင်ထားကြပါတယ်။ ထို့နည်းတူစွာပင် လူအခွင့်အရေးနဲ့ တာဝန်တို့ရဲ့ အခက်အခဲ သို့ စိမ်ခေါ်မှုများ  ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး

တို့ရဲ့စိမ်ခေါ်မှုများ လူမှု့တရားမျှတမှုနှင့် ပြုပြင်ပြောင်းလဲရေးတို့ရဲ့ စိမ်ခေါ်မှုများ  ခေတ်စမ်းအစဉ်အလာနှင့် အုပ်ချုပ်မှုအာဏာရောထွေးများပြားလာမှုတို့ရဲ့ စိမ်ခေါ်မှုများ ကိုပါ အောင်မြင်နိုင်သည်ဟုထင်ထားကြပါသည်။



ထိုကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် ငြိမ်းချမ်းရေး လူ့အခွင့်အရေး ဒီမိုကရေစီနှင့် အစဉ်အလာရောထွေးများပြားလာမှု အတွက် အဓိကကျသည် ဟူသော အမြင်နှင့် ငြိမ်းချမ်းရေး အစဉ်အလာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့က အမြဲလုံလောက်စွာတည်မြဲနေနိုင်သော လူ့သားတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည်ဟူသော အမြင်နှစ်ခုမှ အပေါ်ယံအနေဖြင့် ကြည့်လျှင် ချဉ်းကပ်ပုံချင်းသာ ကွဲသည်ဟု ထင်ရသယောင်ရှိသည်။ သေချာအသေးစိတ် ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ပါက ချဉ်းကပ်ပုံကွဲလွဲခြင်းသည်ပင်လျှင် အခြေခံအလွန်ကျသော ဦးစားပေးမှုများ ကွဲပြားနေသည်ကို မြင်တွေ့နိုင်သည်။ စီးပွားရေးက တံခါးအားလုံးကို ဖွင့်ပေးနိုင်သော အရေးကြီးဆုံးသော့ဖြစ်လျှင် လူသားတစ်ယောက်ရဲ့တန်ဖိုးကို အများအားဖြင့် ဒါမှမဟုတ် အလုံးစုံအားဖြင့် ၎င်းသည် စီးပွားရေးအရ မည်မျှအသုံးကျခြင်းသည်ပင်လျှင် ၎င်း၏တန်ဖိုးကို ဆုံးဖြတ်ကြမည်မှာ သဘာဝပင်ဖြစ်သည်။ ယင်းသည်ပင်လျှင် ကျွန်မတို့ မျှော်မှန်းထားသော စီးပွားရေး နိုင်ငံရေး နှင့် လူမှုရေး ယန္တရားများ သည် လူသားတို့ကို အကျိုးပြုနေခြင်းမျိုးမဟုတ်ပဲ ပြောင်းပြန်ဖြစ်နေပေလိမ့်မည်။

လူသားတို့ကို အကျိုးပြုသည် ဆိုသည်မှာ အစဉ်အလာနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အတူတကွယှဉ်တွဲ ယှက်နွဲပြီး လူသားတို့ရဲ့ ဖြစ်နိုင်ချေရှိသည့်အတိုင်း အပြည့်အဝ လက်တွေ့အကောင်အထည်ဖော်နိုင်သော ပတ်ဝန်းကျင်မျိုးကို ဖော်ဆောင်ပေးရန်ဖြစ်သည်။ မတူတဲ့အမြင်တွေက အလွန်များပြားသော လူမှု နှင့် နိုင်ငံ ဆိုင်ရာ ပတ်ဝန်းကျင် အဖွဲ့အစည်းအားလုံးရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ တန်းဖိုးထားမှုတွေအပေါ် ကွဲပြားခြားနားစွာပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။ တနည်းဆိုရသော် အခြေခံကျတဲ့ ခံယူချက်တွေဖြစ်တဲ့ ဆင်းရဲမွဲတေခြင်း တိုးတက်မှုဖြစ်စဉ် အစဉ်အလာ လွတ်လပ်ခြင်း ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးတွေကို ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်ဆိုထားပြီး ပိုပြီးအဓိကအရေးကြီးသော အချက်က ဘယ်သူတွေက ယင်းတို့ရဲ့ တန်ဖိုးနဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကို လုပ်ဖို့အာဏာရထားသလဲဆိုတာပဲဖြစ်ပါတယ်။



ဒီလိုအာဏာရထားသူနဲ့ အာဏာမဲ့တွေရဲ့ ယင်းအခြေခံကျတဲ့ ခံယူချက်တွေ အပေါ် တန်ဖိုးထားရှိတဲ့ စနစ်တွေဟာ မတူညီနိုင်ပါဘူး။ ထို့နည်းတူစွာ အခွင့်အရေးရတဲ့သူ အမြင် နဲ့ မရတဲ့သူအမြင်တွေကလည်းမတူနိုင်ပါဘူး။ အာဏာနဲ့ အခွင့်အရေးကိစ္စမှာ ရှိတာနဲ့မရှိတာဆိုတဲ့ အရေအတွက်ကွဲပြားခြားနားခြင်းတခုတည်းမဟုတ်ပါဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ တွေးသိကြံဆမှုပိုင်းဆိုင်ရာတွေမှာပါ အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ စီးပွားရေးဆိုင်ရာ စိုးရိမ်မှုတွေဟာ အာဏာနဲ့ အခွင့်အရေးဆိုင်ရာ မေးခွန်းများကို ရှိတာနဲ့မရှိတာလောက်အထိပဲ အဖြေပေးနိုင်ကြပါတယ်။ ဆင်းရဲမွဲတေမှု ပြဿနာဟာ စီးပွားရေးလမ်းကြောင်းတစ်ခုတည်းကို အခြေခံပြီး လူသားတစ်ဦး၏ အခြေအနေကို ချဉ်းကပ်ဖို့မလုံလောက်တဲ့ ဥပမာပဲဖြစ်ပါတယ်။ မည်သို့ပင် ဆရာဝန်တွေ အဟာရကျွမ်းကျင်ပညာရှင်တွေ သိပ္ပံပညာရှင်တွေက ဆင်းရဲမွဲတေမှုအတွက် အခြေခံကျတဲ့ အခြေအနေတွေကို တင်ပြပြောဆိုစေကာမူ ဆင်းရဲမွဲတေသူတစ်ယောက်ရဲ့ သူတို့ဘယ်လို ဆင်းရဲမွဲတေမှုကို ခံယူထားသလဲဆိုတာဟာလည်း အရေးပါပါတယ်။ ဆင်းရဲမွဲတေမှုမှ ပပြောက်ဖို့ဆိုတာဟာ ဆက်လက်လုပ်ဆောင်သွားရမယ့် ဖြစ်စဉ်တွေဖြစ်ပြီး ထိုဖြစ်စဉ်တွေမှတဆင့် အားလုံးပါဝင်ပတ်သက်နေသူတွေရဲ့ ခံယူချက်တွေကို ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒီမှာ အာဏာနဲ့ အခွင့်အရေး ပါဝင်လာပါတယ်။



ဆင်းရဲမွဲတေသူတွေ ဟာ အာဏာမဲ့ဖြစ်ပြီး ၎င်းတို့အသံကို နားထောင်မဲ့သူ မရှိပေ။ မည်သည့် လူမှုဆက်ဆံရေးတွင်မဆို ဆန့်ကျင်သူများရဲ့ ရှေ့တွင်ပင် အာဏာက မိမိရဲ့ လိုအင်ကို ဖော်ပြပြီး လက်ခံလာအောင် လုပ်နိုင်ဖို့ဖြစ်နိုင်ပါတယ်။ ဆင်းရဲမွဲတေသူကတော့ လက်ခံလာအောင် တွန်းအားပေး ဒါမဟုတ် အများအားဖြင့် လွှမ်းမိုးမှုစုန်းစုန်းမျှပင် လုပ်နိုင်စွမ်းမရှိပေ။



ဆင်းရဲမွဲတေသူတွေကို ပစ္စည်းကူညီထောက်ပံ့ရုံမျှနှင့် မလုံလောက်ပါ။ သူတို့ကိုယ် သူတို့ အကူအညီမဲ့ ပြီး ဒီဂရုစိုက်မှုကင်းမဲ့တဲ့ လောကကြီးကို ဘာမှပြောင်းလဲမှုဖြစ်စေနိုင်မှာမဟုတ်ဘူးလို့ ခံယူထားချက်တွေကို ပြောင်းလဲလာနိုင်လောက်တဲ့ လုံလောက်တဲ့ အားပေးမှုတွေလိုအပ်ပါတယ်။

အစဉ်အလာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးမှုတွေဘယ်လိုလုပ်မလဲဆိုတာ အဓိကကျပါတယ်။ ဒါဟာ ဘယ်သူက နိုင်ငံဒါမဟုတ် လူမှုအဖွဲ့အစည်းတွေအပေါ် သူတို့ရဲ့ (ဘယ်အရာတွေကတော့ အစဉ်အလာနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ပါဝင်တယ်ဆိုတဲ့) အမြင်တွေ ဘယ်သူတွေက (အစဉ်အလာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို လက်တွေ့ကျကျ သတ်မှတ်ချက်တွေကို) ရှာဖွေဖော်ထုတ်တင်ပြပြီး လက်ခံလာနိုင်အောင် ဆုံးဖြတ်ပေးပါတယ်။ ပိုပြီးအာဏာရှင်ဆန်တဲ့ စနစ်ကိုကျင့်သုံးလေ ပိုပြီးအာဏာက အုပ်ချုပ်တဲ့လူတန်းစားရဲ့လက်ထဲမှာ စုပြုံလေ ဖြစ်ပြီး ပိုပြီး အစဉ်အလာနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အုပ်ချုပ်သူလူနည်းစုရဲ့ အလိုအတိုင်းဦးတည်သွားမှာဖြစ်ပါတယ်။ အစဉ်အလာတွေဟာ လုံခြုံရေးနဲ့ ဘဝဆက်လက်ရှင်သန်ရေးအတွက် ကူညီပံ့ပိုး မြှင့်တင်ပေးနိုင်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် နည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစဉ်အလာတွေကို ပြောင်းလဲနေသော ကျယ်ပြန့်သောအရာများအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကြပြီး ၎င်းတို့ရဲ့ ပျော့ပြောင်းညင်သာမှုနဲ့ ဘယ်လို့မှမယှဉ်နိုင်တဲ့ အရေအသွေးတွေအပေါ် အလေးပေးထားကြပါတယ်။ သို့သော် ၎င်းကို ကွေးကောက်ပြီး အုပ်ချုပ်သူလူနည်းစု အလိုအတိုင်း ပုံသွင်းလိုက်တဲ့အခါ ပြောင်းလဲမှုရပ်တန့်ပြီး မာကျောသွားတယ် သူရဲ့ ပါဝင်တဲ့ အရေအသွေးတွေဟာ လူနည်းစုအတွက်ဖြစ်သွားပြီး ဖိအားပေးတဲ့ ပုံစံမျိုးဖြစ်သွားစေပါတယ်။ နိုင်ငံအစဉ်အလာဟာ သေချာရွေးချယ်ပုံသွန်းထားတဲ့ သမိုင်းတွင်တဲ့ အဖြစ်အပျက် တွေနဲ့ ရှုပ်ပွနေတဲ့ အပိုင်းအစမျိုးဖြစ်သွားပြီး ကစဉ့်ကလျားဖြစ်နေတဲ့ လူမှု့ တန်ဖိုးအထွေထွေဟာ အာဏာရှိသူတွေရဲ့ လုပ်ဆောင်မှုတွေ နဲ့ policy တွေ့အတွက် အဖြည့်ခံသဘောမျိုးဖြစ်သွားစေတယ်။ တချိန်တည်းမှာပဲ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ အခုမြင်တွေ့နေရတဲ့ စီးပွားရေးကြီးထွားမှု အသွင်ဟောင်းအဖြစ်သာကျန်ရှိတော့တယ်။ ကိန်းဂဏာန်းတိုင်းတာမှုတွေဟာလည်း များသောအားဖြင့် အမှန်တကယ်ဖြေရှင်းချက်မပေးနိုင်ပဲ အောင်မြင်တဲ့ တရားဝင် သတ်မှတ်ချက်တွေကိုသာ သက်သေထူတဲ့အဆင့်ရောက်သွားတယ်။

အာဏာရှင်ဆန်တဲ့ အစိုးရအများစုက ခေတ်သစ်တိုးတက်မှုဖြစ်စဉ်တွေရဲ့ အရှေ့ကိုရောက်ချင်သော်လည်း တကယ်စစ်မှန်တဲ့ပြောင်းလဲမှုမျိုးကို အစားထိုးဖို့ရွံ့နေကြတယ်။ အဲ့လိုအစိုးရတွေက သူတို့ရဲ့နိုင်ငံရေးနည်းစနစ်ကို သူတို့နိုင်ငံအတွက်ထူးခြားပြီး မူလပထမ နည်းလမ်း သို့မဟုတ် အမျိုးသားရေးနည်းလမ်းများအတိုင်း အချိန်နှင့်အညီသွားနေပါတယ်လို့ဆိုကြတယ်။ ဆိုရှယ်လစ်လမ်းစဉ်ဟာ ဒုတိကမ္ဘာစစ်အပြီး ဆယ်စုနှစ်များအတွက် ရေပန်းစားသော ရွေးချယ်မှုဖြစ်ခဲ့တယ်။ သို့သော် ၁၉၈၀ ကစပြီး ဒီမိုကရေစီက နေရာရလာတယ်။ အမျိုးသားရေး သို့မဟုတ် မူလပထမလမ်းစဉ် ဆိုရှယ်လစ်လမ်းစဉ် ဒါမှမဟုတ် ဒီမိုကရေစီဖြစ်စေ အဓိကကျတာကတော့



အစဉ်အလာတွေရဲ့ ဆက်လက်စီးဆင်းမှုကို ဖြစ်စဉ်အနေဖြင့်သော်လည်းကောင်း ပန်းတိုင်အဖြစ်သော်လည်းကောင်း အလေးပေးခြင်းရဲ့ရလဒ်ကတော့ ဒီမိုကရေစီဖြစ်စေ ဆိုရှယ်လစ်လမ်းစဉ်ဖြစ်စေ ၎င်းတို့၏ ယန္တရားအတွင်းဖြစ်စေ လုပ်ဆောင်ချက်များအသွင်ဖြင့်ဖြစ်စေ သေချာတိကျတဲ့ ဝေါဟာရ အဓိပ္ပါယ်ဖွင့်ဆိုမှု လိုအပ်ချက်ကို တိမ်းလျှောင်သလိုဖြစ်သွားပါတယ်။ နောက်ဆုံးတော့ ဒါဟာ ရှိပြီးသား နိုင်ငံရေးအထက်တန်းစားလူနည်းစုကို နောက်ဆုံး ဆုံးဖြတ်သူ သို့မဟုတ် အစဉ်အလာဆိုင်ရာ စစ်မှန်မှုတွေကို ထိန်းသိမ်းရန် ဘယ်အရာတွေက အရေးပါပြီး ဘယ်အရာတွေဟာအရေးမပါဘူးဟု ဘာသာပြန်သူတွေအဖြစ် အဆင့်မြှင့်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

Comments

Popular posts from this blog

အပြစ်ဟူသည်

The awakening of a society

Travel Diary 1.5