သူငယ်ချင်းတစ်ယောကပြောသောပိုက်ဆံ

ဒီနေ့သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်မှုကို လက်ခံနားထောင်ပေးခဲ့တယ်။
သူ့ရှိကနေပြီးဘဝသင်ခန်းစာအများကြီးရလိုက်တယ်။
အဲ့ဒီသူငယ်ချင်းဆိုတာက ကိုးတန်း၊ဆယ်တန်းတုန်းက ကျွန်တော်နဲ့တစ်ခန်းတည်းအတူတူ ပိုလီဝင်ခွင့်အတွက်
ကျူရှင်တတ်တော့လည်းအတူတူ၊ ဝင်ခွင့်အောင်တော့လည်း တစ်ကျောင်းတည်းအတူတူ၊
စင်ကာပူကိုထွက်တာလည်းအတူတူ၊ စင်ကာပူရောက်ပြန်တော့လည်း သူ့အစ်ကိုအိမ်မှာအတူတူတည်းပြီး
အိမ်ငှားတော့လည်းအတူတူ၊ အချိန်ပိုင်းအလုပ်လုပ်တော့လည်းအတူတူ၊ အိမ်ပြောင်းတော့လည်းအတူတူ၊
ပြောင်းခဲ့တဲ့သူငယ်ချင်း။
သူနဲ့ပေါင်းလာတာတော်တော်ကြာပြီ။
သူဒီလောက်ဒေါသထွက်ပြီး စိတ်ဆိုးတာဒီတစ်ခါဘဲ တွေ့ဖူးသေးတယ်။
မနေ့ညက အချိန်ပိုင်းအလုပ်က ပြန်ခါနီးအလုပ်ထဲက ငွေကိုင်လုပ်တဲ့မြန်မာအမကြီးက
ကုမ္ပဏီကပေးထားတဲ့ တစ်လစာလုပ်အားခစလစ်တွေပေးတယ်။
အခုတလောသူတို့ဆိုင်က အချိန်ပိုင်းအလုပ်သမားအသစ်တွေတိုးလာတယ်။
သူတို့ဆိုင်လို့ဘာလို့ပြောလည်း ဆိုတော့အဲ့သူငယ်ချင်းနဲ့ကျွန်တော်က ကုမ္ပဏီသာတူတာဆိုင်ကမတူဘူး။
ဆိုင်ချင်းတော့နီးတယ်။
သူကထိုင်းစားသောက်ဆိုင်၊ ကျွန်တော်က ဘာလီအင်ဒိုနီးရှားစားသောက်ဆိုင်မှာလုပ်တာ။
အခုဆိုရင် ကျွန်တော်တို့အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ တစ်နှစ်ခွဲနီးပါးလောက်ရှိနေပြီ။
ကျွန်တော်တို့ စလုပ်တုန်းက စင်ကာပူဒေါ်လာငါးကျပ်ဘဲရတယ်။
တစ်နှစ်နဲ့တစ်လလောက် လုပ်ပြီးမှ ခြောက်ကျပ်ကိုတိုးပေးတာ။
အခုဒီလလည်းရောက်ရော လခတွေပေးတော့ သူ့ရဲ့လခကို ငါးကျပ်ခွဲနဲ့ ဖြတ်ထားတယ်လေ။
အဲ့ဒါနဲ့သူလည်း စိတ်တိုပြီးမန်နေဂျာကို သွားပြီးပြောတယ်။
မန်နေဂျာကစင်ကာပူလူမျိူးဘဲ ပြီးတော့သူကသူဋ္ဌေးရဲ့ညီ။
သူကပြုံးပြုံးနဲ့ဘာမှကိုပြန်မပြောဘူး။
သူငယ်ချင်းကစိတ်ဆိုးမာန်ဆိုးနဲ့ပြောနေတာကိုး။
သူအားလုံးပြောပြီးတော့မှ မန်နေဂျာကသိပ်ပြီး စိတ်မပူရန်နှင့် သူအားလုံးအဆင်ပြေအောင်
ညှိပေးမည်ဟုပြောလိုက်တယ်။ သူလည်း စိတ်ဆိုးလွန်းအားကြီးလို့ ဘာမှမပြောတော့ဘဲလှည့်ပြီး ထွက်ခဲ့လိုက်တယ်။

ကျွန်တော်ကလည်း လမ်းတလျှောက်လုံး သူ့ဘေးမှာနေပြီး သူစိတ်ဆိုးပြေအောင်
သူပြောသမျှကို နားထောင်လိုက် ကိုယ်ကပြန်ပြီး ဖြောင့်ဖြလိုက်နဲ့ အိမ်ကိုပြန်လာခဲ့တယ်။
သူ့မှာ အိမ်ရောက်တဲ့အထိ မပြီးနိုင်သေးဘူး နံနက်သုံးနာရီလောက်အထိရင်ဖွင့်ခဲ့တယ်။
ကျွန်တော်က သူ့ကို မင်းနဲ့ကွာ ပိုက်ဆံလေးသုံးဆယ်ကျော်လောက်လွဲတာကိုများ အဲ့လောက်အထိ
ဒေါသထွက်ဖို့မလိုပါဘူး ပြီးတော့အဲ့ဒီပိုက်ဆံက ပြန်လည်းရမှာဘဲလို့ ပြောတော့
သူက ဘာပြန်ပြောလည်းဆိုတော့ ငါဒေါသထွက်တာ ပိုက်ဆံကြောင့်မဟုတ်ဘူးတဲ့၊ အလုပ်လုပ်တာမတိကျလို့တဲ့။
အထူးသဖြင့် ဒီလိုပိုက်ဆံနဲ့ ပတ်သက်တဲ့ကိစ္စရပ်မျိူးမှာ လုံးဝအတိမ်းအဆောင်းခံလို့မဖြစ်သင့်ဘူး။
အဲ့ဒါကြောင့် သူကမန်နေဂျာရဲ့ ရှေ့မှာ ဒီလိုကုမ္ပဏီကြီးဖြစ်ပြီး ဒီလိုလခပေးတဲ့ ကိစ္စရပ်မျိူးမှာမှ
မှားရတယ်လို့ဆိုပြီး ဒီကုမ္ပဏီအစား အရမ်းရှက်တာဘဲ ဆိုပြီးပြောခဲ့တာတဲ့။
နောက်ပြီး မင်းစဉ်းစားကြည့်လေကွာ မင်းတို့ငါတို့တွေဆိုတာ ဒီပိုက်ဆံကြောင့်ဘဲ
ဒီနိုင်ငံခြားကို ထွက်လာခဲ့ကြတာမဟုတ်လား။ ပြီးတော့ ဒီပိုက်ဆံဆိုတာအတွက်ဘဲ
သူများနိုင်ငံမှာ အောက်ကျနောက်ကျခံပြီး ဒီအချိန်ပိုင်းအလုပ်ကို လုပ်ပြီး ကျောင်းတက်နေကြရတာမဟုတ်လား။
ငါ့တုန်းကလည်း ပိုက်ဆံကိစ္စနဲ့ ပတ်သက်ရင် သေချာလုပ်တယ်။
သူများရှိက ပိုက်ဆံချေးရင်ဘဲဖြစ်ဖြစ် ကိုယ်ရှိက ပိုက်ဆံချေးလိုက်ရင်ဘဲဖြစ်ဖြစ်
အမြဲတမ်း အခြားလူတစ်ယောက်ယောက်ရှေ့မှာ ဘဲသက်သေအဖြစ်ရအောင် ချေးလေ့ငှားလေ့ရှိတယ်တဲ့။
ဒါကြောင့်ဒီလိုကိစ္စရပ်မျိူးမှာသည်းခံနေလို့မရဘူး။
ကိုယ့်ဘက်က တစ်ခုခုမှားရင်အပြောခံရသလို သူတို့ဘက်ကမှားရင်လည်း ပြန်ပြောပေးရတယ်။
အဲ့ဒါမှကိုယ့်ဘက်ကမြတ်မှာ။
အမြဲတမ်း ခေါင်းငုံ့ခံနေလို့မဖြစ်ဘူး။
သူအဲ့လိုပြောတာလည်း ဟုတ်တော့ဟုတ်တယ်။
မြန်မာဆိုရင် သူတို့က နှိမ်ချင်ကြတယ်။
အဲ့ဒီအကြောင်းတွေကို တွေးမိရင် ကိုယ့်နိုင်ငံကိုဘဲ စိတ်နာတယ်။
ဒါတောင် အဲ့ဒီမန်နေဂျာအသစ်က တော်သေးတယ်လို့ ပြောလို့ရတယ်။
သူလာမှ ကျွန်တော်တို့ရဲ့လခတွေကို တိုးပေးဖို့ သူဘဲပြောပေးလိုက်တာ။
စစဝင်ချင်းတုန်းက မန်နေဂျာကမြန်မာအမျိူးသမီးကြီး။
သူက မြန်မာဆိုရင် ပိုခိုင်းချင်တယ်။
ခိုင်းလို့လည်း ကောင်းတာကိုး။
ကျွန်တော်တို့တွေ လုပ်တတ်ကိုင်တတ်လည်းဖြစ်လာရော လခလေးများ တိုးပေးမလားဆိုပြီး မျှော်လိုက်ရတာ။
လခက အလုပ်လုပ်သက်တစ်နှစ်နှင့်တစ်လကျော်သည် အထိမတိုးဘူး။
ပုံမှန်ဆိုရင် နှစ်လလောက်လုပ်ပြီးတာနဲ့ လခကတိုးပေးရတယ်။
အခုမန်နေဂျာအသစ်ရောက်လာမှဘဲ တိုးပေးတော့တယ်။
သြော်ပိုက်ဆံပိုက်ဆံ လူတွေအပေါ်သြဇာရှိလိုက်ပါဘိ။

Comments

Popular posts from this blog

အပြစ်ဟူသည်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ကိုဗစ်ကာလ အလုပ်တွေကများ