FB ပေါ်မှ တစ်ရာဖိုး သုံးပုဒ်များ

ယနေ့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နေကြတာနဲ့ ပတ်သက်ပြီး အားပေးထောက်ခံ ဆွေးနွေးတဲ့အနေနဲ့ ဒီဆောင်းပါးကိုရေးခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးငြိမ်းချမ်းရေး ဆိုတဲ့ဝေါဟာရကို ဆွေးနွေးတင်ပြပါမယ်။ Peace ကိုစာရေးသူအနေနဲ့ အဓိပ္ပါယ်ဖွင့်ရင် no conflict ဖြစ်ပါတယ်။ Conflict ကိုမြန်မာလိုပြန်ပြီး အဓိပ္ပါယ်ဖွင့်ရင် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများပါဝင်နိုင်သော အငြင်းပွါးမှုဖြစ်ပါတယ်။ Peace ဆိုတာဟာ conflict မရှိတာဖြစ်ပါတယ်။ Conflict ဘာကြောင့်ဖြစ်ရလဲဆိုတာကို စမ်းဆစ်ကြည့်ရင် comparison နှိုင်းယဉ်ခြင်းက အစပြုတာကို တွေ့ရပါတယ်။ ကိစ္စတစ်ခု ကိုကောင်းတယ်လို့ ထင်တဲ့လူရယ် မကောင်းဘူးလို့ ထင်တဲ့လူရယ် နှိုင်းယှဉ်ကြရင်း သဘောတူညီမှု မရရှိဘဲ conflict ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ Conflict ဖြစ်ပေါ်လာတာနဲ့ သူရဲ့အထက်ဖော်ပြပါ definition အတိုင်း ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများ ပါဝင်လာတဲ့အတွက် ရလဒ်ကောင်းဖြစ်ဖို့ နည်းပါတယ်။ ဒါကြောင့်မို့လို့ အငြင်းပွါးမှုဟာ အငြင်းပွါးမှုနေရာ၌ သာရပ်ပြီး သဘောတူညီမှုရဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ နည်းနည်း ထပ်ပြီး တွေးကြရအောင်။ ဘာကြောင့်နှိုင်းယှဉ်ကြသလဲ ဆိုတာကို စမ်းဆစ်ကြည့်ရင်မတူညီမှု Inequality ကို အခြေခံတာကို တွေ့ရပါတယ်။ Inequality ဆိုတာကို မလေ့လာခင် Equality ကိုအရင်းရှင်းပါမယ်။ Equality ဆိုတဲ့ဝေါဟာရဟာ social sciences လူဘောင့်အဖွဲ့အစည်းကို လေ့လာတဲ့သိပ္ပံနယ်ပယ်မှာ အရမ်းကိုကျယ်ပြန့်ပြီး ရှုထောင့်အမျိုးမျိုးကနေ သုံးနေကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လူသားတိုင်းဟာ အားလုံးအတူတူပါပဲလို့ Equality ကို အဓိပ္ပါယ်ဖွင့်ပြီး သုံးသွားပါမယ်။ လူသားတိုင်းဟာ အားလုံးအတူတူပါပဲ ဆိုတော့ ဘာတူတာလို့ မေးရင် လူသားဖြစ်တာချင်း တူတာကို ဆိုလိုပါတယ်။ အဲ့ဒီအချက်က အရေးကြီးပါတယ်။ လူမျိုးကွဲ ဘာသာကွဲ ဆင်းရဲချမ်းသာကွဲ တာတွေကို ကွဲတယ်လို့ မယူဆဘဲနဲ့ ဆင်းရဲလည်း လူသားပဲ ချမ်းသာလည်း လူသားပါပဲ အတူတူပါဘဲလို့ ယူဆသွားပါမယ်။ ပထမဦးဆုံး ဘာသာရေး conflicts တွေကိုထုတ်ဖော်ဆွေးနွေးသွားပါမယ်။ မြန်မာနိုင်ငံမှာ ဘာသာရေး conflicts တွေဘာကြောင့်ဖြစ်ရတာလဲလို့ စမ်းဆစ်ကြည့်ရင် မြန်မာလူမျိုး(မြန်မာနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသော လူသားများ) ကိုးကွယ်တဲ့ ဘာသာတွေ မတူညီကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံသားအများစု ကိုးကွယ်တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ အရမ်းကို သိမ်မွေ့နက်နဲတဲ့ ဘာသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဖြစ်ပါတယ်။ နိဗ္ဗာန်အကြောင်းကို ထည်ထည်ဝင်သိဖို့ဆိုတာပင်ကို တော်တော်လေးခက်ခဲပါတယ်။ အဲ့ဒီလောက် သိမ်မွေ့နက်နဲတဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေ ကြားမှာ conflicts ဆိုတာမရှိသင့်ပါ။ ဘာသာ religion ဆိုတာကို နည်းနည်းရှင်းပါရစေ။ Religion တိုင်းမှာတူညီတဲ့ အချက်ရှိပါတယ်။ အဲ့တာကဘာလဲဆိုတော့ သာမန်ကနေ ပြီးတော့ မြင့်မြတ်တဲ့အဆင့်ကို ကူးပြောင်းခြင်း ပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မြင့်မြတ်တဲ့အဆင့်ကို ကူးပြောင်းဖို့ရန်အတွက် လမ်းစဉ်တွေကို ချမှတ်ပေးထားတာဟာ ဘာသာဖြစ်ပါတယ်။ အဲ့ဒီတော့ ဘာသာတွေ ကွဲတယ်ဆိုတာဟာ မြင့်မြတ်တာ ယူဆတာတွေကွဲခြင်း မြင့်မြတ်အောင်လုပ်တဲ့လမ်းစဉ်တွေကွဲခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမြင့်မြတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာသာရေး conflicts တွေဖြစ်တာဟာ မဆီလျော်ပါဘူး။ ဘာကြောင့်ဒီ conflicts တွေဖြစ်ရလဲဆိုတာ ကို ပြန်တွေးကြည့် ရအောင်ပါ။ အများစုကိုးကွယ်တဲ့ ဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေ ဘာကြောင့် conflicts တွေဖြစ်ကြရလဲ။ အများစု majorities ဆိုတဲ့ စကားလုံးကို နည်းနည်း stress သတိထားစေချင်ပါတယ်။ Majorities ရှိရင် Minorities ဆိုတာရှိပါတယ်။ Majorities ရဲ့ရှိတတ်တဲ့ properties ကိုနည်းနည်းပြောချင်ပါတယ်။Majorties တွေဟာ stereotyping လုပ်တတ်ကြပါတယ်။ Stereotyping ကို မြန်မာဘာသာပြန်ရင် ပုံသေကားချက်ချခြင်း လို့လောလောဆယ် ပြန်ထားပြပါမယ်။ မပြည့်စုံသေးပါ။ ပြည့်ပြည့်စုံစုံနားလည်သွားအောင် ဥပမာအနည်းငယ်တင်ပြချင်ပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာများစွာ ရှိတဲ့ အနက် အစ်စလာမ်ဘာသာဟာ နောက်ဆုံးမှပေါ်ပေါက်လာတဲ့ ဘာသာဖြစ်ပါတယ်။ အစ်စလာမ်ဘာသာ ဟာ ဟိုယခင်အချိန်တုန်းက အစ်စလာမ်ဘာသာအချင်းချင်း ဂိုဏ်းဂဏများကွဲကာ ဘာသာရေး စစ်ပွဲများဖြစ်ပွါးခဲ့ပါတယ်။ အဲ့အချိန်းတုန်းက ကျန်ဘာသာကြီးများက majorities ဖြစ်ပြီး အစ်စလာမ်ဘာသာက minorities ဖြစ်ပါတယ်။ Majorites က ဘာတွေကို stereotype လုပ်လဲဆိုရင် ဘာသာရေးအကြမ်းဖက်မှုများ ဘာသာရေးစစ်ပွဲများကြောင့် အစ်စလာမ်ဘာသာဝင်ဆိုရင် အခြားဘာသာဝင်များ(Majorities အချင်းချင်း) အပေါ်တွင် ထားရှိသောအမြင်များနှင့် သွေဖယ်သော အမြင်များကို ထားရှိတာကို တွေ့ရပါတယ်။ အဲ့ဒီကနေ ဘာကို ကောက်ချက်ဆွဲနိုင်သလဲဆိုရင် Stereotyping involves lack of positive views. Stereotyping ကို အကောင်းမြင်မှုမပါဝင်သော ပုံသေကားချက်ချခြင်း လို့ဖြည့်ဆွက်နိုင်ပါတယ်။ လူ့အဖွဲ့အစည်း society ထဲမှာ stereotyping လုပ်ကြတာနဲ့ ပတ်သက်ပြီး နည်းနည်းဝေဖန်ပါမယ်။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့် (human rights) ရှိတဲ့အတွက် stereotyping လုပ်ခွင့်ရှိပါတယ်။ ဥပမာအနေနဲ့ ပြရရင် company မှာအလုပ်လျှောက်ရင် ထောင်ကျထားဖူးတဲ့ လူဆိုရင် အရွေးမခံရဖို့ များပါတယ်။ ထောင်ဆိုတာဟာ အပြစ်ဆေးကျောတဲ့ နေရာဖြစ်ပါတယ်။ နောက်တစ်ချက် ထောင်ကျတဲ့ လူတိုင်း အပြစ်ရှိလို့ (နိုင်ငံရေးအကျဉ်းသားများ)ကျတာမဟုတ်နိုင်ပါဘူး။ အပြစ်ရှိတယ်ပဲထား အပြစ်ဆေးကျောပြီး အပြစ်ကင်းစင်သွားလို့ ထောက်ကထွက်ခွင့် ရတာဖြစ်ပါတယ်။ ဒါဟာ ထောင်ကျဖူးသူတိုင်း စာရိတ္တမကောင်းဘူးဆိုပြီး stereotype လုပ်ထားခြင်းပဲဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာဆိုရင် ထောင်ကျပြီးလွတ်လာတဲ့ သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ yellow ribbon project ဆိုပြီး campaign run တာကိုတွေ့ခဲ့ဖူးပါတယ်။Stereotyping ဟာလုပ်ခွင့်တော့ရှိတယ်။ လုပ်ရင်ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကို တစ်ချက်တင်ပြချင်ပါတယ်။ Stereotyping ကြောင့် minorities တွေရဲ့ အကျိုးစီးပွား နစ်နာကြပါတယ်။ အဲ့ဒီ cause ကမရပ်သေးပါဘူး။ Minorities ရဲ့ properties တစ်ခုလို့ယူဆနိုင်တဲ့ fear of extinction (ပျောက်ကွယ်ခြင်းမှအကြောက်တရား) ကိုဖန်တီးပေးပါတယ်။ တစ်ခါအဲ့ဒီ fear ကနေပြီး survival force (ရှင်သန်စေခြင်းအင်အား) ကိုပြန်ဖန်တီးပေးပြန်ပါတယ်။ ဥပမာတစ်ခုပြပါမယ်။ Christianity မဖြစ်ပေါ်မီ Jesus Christ ကို ယုံကြည်ကိုးကွယ်တဲ့ followers တွေဟာ minorities တွေဖြစ်ပါတယ်။ King Constantine လက်ထက်ရောက်မှ Christianity ကို နိုင်ငံ့ဘာသာအဖြစ် သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုသတ်မှတ်နိုင်ခြင်းဟာလည်း Jesus Christ သေဆုံးပြီး followers များရဲ့ survival force နဲ့ကြိုးပမ်းခဲ့မှုများကြောင့် ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။  Majority မြန်မာဗုဒ္ဓဘာသာများရဲ့ အခြားဘာသာဝင်များအပေါ် ထားရှိတဲ့ stereotyping လုပ်မှုများ နည်းနည်းတင်ပြဆွေးနွေးပါမယ်။ Christians လိုပြောလိုက်ရင် Christians တွေဟာ သူတို့ဘာသာဘက်ကို ဆွယ်တက်တယ်လို့ ထင်ထားကြပါတယ်။ ဒါပေမယ့် Christians တိုင်းဆွယ်တာလားဆိုတော့ မဟုတ်ပါဘူး။ Catholic Christians တွေဟာသိပ်ပြီး ဆွယ်တာမတွေ့ရပါဘူး။ Stereotyping ဟာ အကောင်းမြင်မှုမပါဝင်တဲ့ အတွက်ကြောင့် ဘာသာရေးဆွယ်တာ (အမှန်က ဘာသာရေးပြန့်ပွါးအောင်လုပ်တာပါ) ကို အကောင်းမမြင်ပါဘူး။ ဘာသာရေးပြန့်ပွါးအောင်လုပ်တာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်တိုင်းမဆိုလုပ်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။ ရှင်အရဟံရဲ့ ဘာသာရေးပြန့်ပွါးအောင် လုပ်ဆောင်ခဲ့မှု ခေတ်အဆက်ဆက်မင်းကောင်းမင်းမြတ်တွေရဲ့ ဘာသာရေးပြန့်ပွါးအောင် လုပ်ဆောင်ခဲ့မှုများကြောင့်သာ ယနေ့မြန်မာနိုင်ငံသူနိုင်ငံသားများဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်နေနိုင်ခြင်းဖြစ်ပါတယ်။

အစ်စလာမ်ဘာသာဝင် လို့ပြောလိုက်ရင် အစ်စလာမ်ဘာသာဝင်တွေဟာ သူတို့ဆိုင်အချင်းချင်းပဲ အားပေးတယ် ဆိုပြီး stereotype လုပ်ထားကြပါတယ်။ မမှန်ဘူးလားဆိုတော့ မှန်ပါတယ်။ ဒါပေမယ့် stereotype လုပ်ထားတဲ့အတွက် အဲ့ဒါဟာမကောင်းဘူးလို့ ယူဆထားကြပါတယ်။ အမှန်တော့ အဲ့ဒါဟာ သူတို့ရဲ့ ဘာသာရေးကန့်သတ်ချက်(အစားအသောက်)များကြောင့် ဒါမဟုတ် သူတို့ရဲ့ ဘာသာရေးပြန့်ပွါးအောင်လုပ်မှုများထဲက strategy တစ်ခုဖြစ်နိုင်ပါတယ်။ အဲ့ဒါဟာမကောင်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေလည်း ဘာသာရေးပြန့်ပွါးအောင်လုပ်တဲ့အခါမှာ အတုယူနိုင်ပါတယ်။

အဲ့ဒီတော့အခုဆက်စဉ်းစားရမှာက ဘာသာစုံက ဘာသာရေးပြန့်ပွါးအောင်လုပ်ကြတော့ conflicts မရှိနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ လူ့ဘောင်လူ့အဖွဲ့အစည်းမှာနေပြီး အဲ့ဒီလူ့အဖွဲ့အစည်းက ချမှတ်ထား လက်ခံထားတဲ့ စည်းကမ်းဥပဒေဘောင်ထဲမှာနေရင် conflicts ဆိုတာမျိုးမရှိနိုင်ပါဘူး။ NGO အဖွဲ့တော်တော်များများက Christian society ကဖွဲ့ထားတာများပါတယ်။ NGO တွေကြောင့် မြန်မာပြည်သူတွေ အကျိုးကျေးဇူးများရရှိကြသလို ဆရာတော်ဘုန်းတော်ကြီးများ ဖွင့်လှစ်ထားသော မိဘမဲ့ဘုန်းတော်ကြီးစာသင်ကျောင်းများကြောင့်လည်း မိဘမဲ့ကလေးများ ရှင်သန်နေထိုင်နေခြင်းဖြစ်ပါတယ်။

ယခုတဖန် ပြည်သူနဲ့ အစိုးရ conflicts နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။ လယ်မြေသိမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲနဲ့ပြည်သူ riots (အဓိကရုဏ်း) ဖြစ်ခဲ့ကြတာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒီနေရာမှာ riots ကို define မလုပ်တော့ပါဘူး။ Riots က အကြီးစား conflicts (ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုအကြီးစား)ပါ။ ဒီနေရာမှာ ပြည်သူက majorities ဖြစ်ပြီး ရဲက minorities လို့ယူဆပါမယ်။ လယ်မြေအသိမ်းခံရတဲ့ တောင်သူလယ်သမားများက မိမိတို့က လူနည်းစု minorities ဖြစ်ပြီး ရဲက လူအင်အားနဲ့ majorities ပါဆိုပြီး မယူဆသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။ Conflicts ဖြစ်တဲ့ ကိစ္စမှာ ဘယ်သူမှားသလဲဆိုရင် နှစ်ဖက်စလုံးမှားပါတယ်။ ဒါပေမယ့် ရဲက အစိုးရဖြစ်တဲ့အတွက်ကြောင့် ပိုပြီး ပြစ်ဒဏ်ကြီးပါတယ်။ ပထမဦးဆုံးသုံးသပ်ကြည့်ရမှာ အမှားမဟုတ်ပါဘူး။ conflicts ဘယ်လိုဆဖြစ်ခဲ့သလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ့်အဖြစ်မှန်ကို စာရေးသူသေချာ မသိရှိပါ။ သို့သော် ဖြစ်နိုင်ချေ ယူဆချက်များ (assumptions) ထည့်သွင်းပြီး ဆွေးနွေးသွားပါမယ်။ ပထမဦးဆုံး assumption ကတော့ လယ်မြေအသိမ်းခံရတဲ့ တောင်သူဦးကြီးများဟာ ဘယ်နေ့ဘယ်ရက်မှာ လယ်မြေတွေသိမ်းမယ်လို့ အကြောင်းကြားတဲ့စာ notice ရမယ်လို့ ယူဆပါတယ်။ Assumptions များသုံးပြီး သုံးသပ်မှာ ဖြစ်တဲ့အတွက် ဒီ assumptions များထဲမှ တစ်ခုခု မမှန်လို့ရှိရင် ဒီသုံးသပ်ချက်လည်း မှန်မည်မဟုတ်ပါ။ တောင်သူဦးကြီးများအနေနဲ့ထို notice ကိုရပြီး မကျေနပ်လျှင် ဘာများလုပ်နိုင်သလဲဆိုတာကို အရင်သုံးသပ်ပါတယ်။ စာရေးသူမှာ ဥပဒေပညာမတတ်ကျွမ်းတဲ့အတွက်ကြောင့် ဘာတွေလုပ်နိုင်သလဲ ဆိုတာကိုမပြောပြတတ်ပါ။ သို့သော်လယ်ယာသိမ်းသောနေ့တွင် တောင်သူလယ်သမားများ မသိမ်းဖို့ တားဆီးတဲ့အတွက် အဲ့ဒီလို တားဆီးခြင်းသည် သူတို့မကျေနပ်ချက်များ အတွက် သူတို့လုပ်နိုင်သော လုပ်ဆောင်ချက်ထဲမှ တစ်ခုပင်ဖြစ်သည်ဟု ယူဆရပါတယ်။ 

လယ်ယာမြေအသိမ်းခံရသော တောင်သူလယ်သမားများ ကပြည်သူတွေကို ကိုးစားပြုပါတယ်။ Majorities ပါ။ Majorities ရဲ့ Stereotyping က minorities (ရဲ) တွေ အပေါ်အကောင်းမမြင်ပါဘူး။ ယခုလို သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေသိမ်းဖို့ လာကြတော့ သူတို့ရဲ့ stereotyping ကို သက်သေထူ (proof) လုပ်လိုက်သလိုဖြစ်သွားပါတယ်။ တဖန် minorities (ရဲ) ဘက်ကပြန်ကြည့်ပြန်တော့လည်း ရဲဆိုတာ အစိုးရအဖွဲ့ထဲမှာဆိုရင်လည်း ကျန်အစိုးရအဖွဲ့တွေက majorities ရဲအဖွဲ့ဝင်တွေက minorities ပဲပြန်ဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူ့ရဲလို့ ပြောပေမယ့် ပြည်သူဘက် လိုက်လို့မရပါဘူး။ သူတို့ရဲ့ survival အတွက် ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ သူတို့ဟာ အစိုးရပေးတဲ့ တာဝန်မကျေပွန်လို့ မရပါဘူး။ 

ပြည်သူတွေအနေနဲ့ stereotype သာမလုပ်ထားခဲ့ဘူး အကောင်းမြင်ထားခဲ့မယ်ဆိုရင် မိမိတို့ရဲ့ တားဆီးမှုဟာ ဘယ်လိုအကျိုးသက်ရောက်နိုင်မလဲဆိုတာကို နည်းနည်းထည့် စဉ်းစားမိမယ်လို့ သုံးသပ်ပါတယ်။ မိမိတို့ အနေနဲ့ မိမိတို့ အကျိုးအတွက် ထည့်စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။ မိမိတို့ ဒီရဲတွေကို ဘယ်လို တားဆီးရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကိုကော စဉ်းစားကြည့်ဖို့လိုပါတယ်။ ဥပမာပြောရရင် ငါတို့လယ်တွေအသိမ်းခံရတာ ငါတို့မကျေနပ်ဘူး ဆိုရင် ငါတို့တွေဘယ်လိုလုပ်ရင် ငါတို့လယ်တွေပြန်ရနိုင်သလဲ ဆိုတာမျိုးတွေးမိဖို့လိုပါတယ်။ လယ်ယာမြေကို သိမ်းဆည်းခြင်းဟာ ရဲတွေသိမ်းခြင်း မဟုတ်။ အစိုးရက သိမ်းခြင်းသာဖြစ်တယ်လို့ တွေးမိရင် လာသိမ်းတဲ့အခါရဲတွေကို တားဆီးတာမျိုးလုပ်မိတော့မည် မဟုတ်ဟု စာရေးသူသုံးသပ်ပါသည်။

လယ်မြေသိမ်းခြင်းဟာ အစိုးရနဲ့သာ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာ အစိုးရရုံးများရဲ့ တာဝန်ရှိသူများနဲ့သာ ဆွေးနွေးရမည့်ကိစ္စဖြစ်တယ်။ လယ်ယာမြေအသိမ်းမခံရမှီ ထိုကဲ့သို့ဆွေးနွေးမှုများ ပြုလုပ်ဖူးပါသလား။ ဥပမာပေးလိုသော မိမိကကျောင်းသား ဆရာမက မိမိအပြစ်ရှိလို့ ကြိမ်လုံးနဲ့ ရိုက်မယ်ဆိုရင် မိမိအနေနဲ့က မိမိအပြစ်မရှိဘူးလို့ ယူဆထားရင် ဆရာမကို မိမိအပြစ်မရှိကြောင်း အနည်းဆုံးတော့ ရှင်းပြသင့်ပါတယ်။ အဲ့လို့မှမရလို့ ဆရာမက အပြစ်ရှိတယ်လို့ပဲပြောပြီး ကြိမ်နဲ့ရိုက်ရင် အဲ့ဒီကြိမ်ကို စိတ်ဆိုးပြီး တင်းခံနေမှာလား။ စာရေးသူသာဆိုရင် လက်ကိုဖြော့ပြီး သက်သာအောင်ထားမိမှာပဲ။ မိအေးနှစ်ခါနာတဲ့ ဖြစ်ချင်းမျိုး အဖြစ်မခံစေချင်ပါ။ တောင်သူလယ်သမားများကိုလည်း ထို့နည်းအတူပင် စဉ်းစားစေချင်ပါတယ်။ ရဲဆိုတာကအမှန်တော့ ဆရာမရဲ့ကြိမ်လုံးပါ။ ကြိမ်လုံးနဲ့မှ မဆိုင်တဲ့ကိစ္စကို ကြိမ်လုံးကိုပဲမဲနေရင်မိအေးနှစ်ခါနာဖြစ်မှာပေါ့။ နောက်ဆုံးကိုယ်က ဘယ်လိုမှမခံနိုင်ပါဘူးဆိုရင် ဒီလယ်မြေသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူကတာဝန်ရှိ သလဲဆိုတာကို စုံစမ်းပြီး ချောင်းရိုက်တာမျိုးလုပ်တာကမှ နည်းနည်း Logic ကျ (ဆီလျော်)တယ်လို့သုံးသပ်ပါတယ်။ အဲ့ဒါတွေဘာကြောင့်ဖြစ်ရလဲဆိုတော့ stereotype လုပ်ခဲ့လို့ အကောင်းမမြင်ခဲ့လို့ပါ။ ရဲတွေအနေနဲ့ကော ဘာတွေမှားလဲ။ ဘယ်သူကဘယ်လို့ အာဏာပေးခဲ့လို့ သူတို့က ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ပိုင်ခွင့်တွေရှိနေတာလဲ။ အခြေအနေဟာ conflicts ဖြစ်လာတော့ riots ဖြစ်လာတယ်။ Riots (အဓိကရုဏ်း) ဆိုတာဖြစ်လာရင် ရဲတွေ စစ်တပ်တွေက အာဏာရလာပါတယ်။ အဲ့ဒါဟာ သူတို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ Riots ကဘာကိုပြလည်းဆိုရင် National Security မရှိတာကို ပြပါတယ်။ ရဲတွေဟာ National Security အတွက်ဖွဲ့ထားတာတွေပါ။ အဲ့တော့သူတို့မှာ လုပ်ပိုင်ခွင့်ရရှိလာပါတယ်။

ရဲတွေရဲ့လုပ်ဆောင်မှုကို ဝေဖန်ရရင် လယ်ယာမြေသိမ်းတယ်ဆိုတာ ရဲမလိုပါဘူး။ ရဲတွေပါလာတယ်ဆို ကတည်းကိုက riots ဖြစ်မှာကိုကြိုသိလို့ လာတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုကြိုသိတယ်ဆိုရင် အဲ့ဒီလိုမဖြစ်အောင် ကြိုတင်လုပ်ဆောင်မှုတွေပြုခဲ့သလား။ riots ဖြစ်မှာသိသိကြီးနဲ့ကို ဒီ riots ကိုပဲထိန်းဖို့ လုပ်ဆောင်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ တော်တော်ကြီးကို အားနည်းတယ်လို့ သုံးသပ်ပါတယ် ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ(mission)နဲ့ စီမံခဲ့တဲ့နည်းလမ်း(strategy) လည်း ဖြစ်နိုင်ပါတယ်။ အမှန်က riots ဖြစ်မယ်ဆိုတာကို ကြိုသိရင် အဖြစ်ခံလို့ကို မရပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါ National Security ကိုခြိမ်းခြောက်တာဖြစ်ပါတယ်။ Riots မှာကိုင်တွယ်တဲ့ နည်းလမ်းတွေကကော စည်းစနစ်ကျရဲ့လား။ Protocols တွေကိုလိုက်နာခဲ့ကြသလား။ 

Conflicts ဖြစ်ပြီးသွားပြီဆိုပါစို့။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးတာတွေ ရှိမယ်။ နှစ်ဖက်စလုံး

ဆုံးရှုံးကြမှာပဲ။ ဆုံးရှုံးတယ်ဆိုကတည်းကိုက မကောင်းပါဘူး။ ဆုံးရှုံးမှုအနည်းအများကို နည်းနည်းသုံးသပ်ကြည့်ရအောင်။ အမှန်တကယ်က ရုပ်ကထင်ရှားပြီး ရလဒ်အဖြစ် တွေ့လွယ်လိုပါ။ စိတ်ပိုင်းဆိုင်ရာလည်းပါပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားမှုဟာ conflicts ဖြစ်သွားလို့ ရလဒ်တစ်ခု အနေနဲ့သာ မဟုတ်ပါဘူး။ Conflicts ဖြစ်လာစေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။ Stereotyping ဆိုတာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားခြင်းတစ်မျိုးဖြစ်ပါတယ်။

ဒီရလဒ် အနည်းအများကိုလည်း Majorities နဲ့ Minorities ဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။ သာမန်ကြည့်ရင် များတည့်ဘက်က နိုင်မှာပဲလို့ ထင်နိုင်စရာရှိပါတယ်။ Conflicts ဖြစ်ရင် နိုင်တယ်ဆိုတာ မရှိပါဘူး။ ဆုံးရှုံးတာပဲရှိပါတယ်။ အဲ့တော့ဘယ်သူက များများ ပိုဆုံးရှုံးသလဲဆိုတာ စမ်းစစ်ကြည့်ရပါမယ်။ စာရေးသူအနေနဲ့ တင်ပြချင်တာကတော့ Majorities ဘက်ကများများ ပိုဆုံးရှုံးပါတယ်။ တခြားရှုထောင့်ကကြည့်ပြီးတော့လည်း ပြောင်းပြန်ဖြစ်နိုင်ချေရှိပါတယ်။ ဘာကြောင့် Majorities ဘက်ကများများဆုံးရှုံးသလဲဆိုရင် တစ်ဖက်ဆီအတူတူ ဆိုကြပါစို့ ရာခိုင်နှုန်း ၁၀ စီဆုံးရှုံးတယ်ဆိုရင် Majorities က ပိုများတဲ့အတွက်ကြောင့်မို့ ဆုံးရှုံးမှုတန်ဖိုးပိုများမှာဖြစ်ပါတယ်။ နောက်အရေးကြီးဆုံး တစ်ချက်ကတော့ Majorities မှာ survival force မရှိချင်းဖြစ်ပါတယ်။ survival force ရဲ့စွမ်းအားဟာ ခန့်မမှန်းနိုင်အောင်ကြီးပါတယ်။ ဘုရင့်နောင်ဖောင်ဖျက်တယ်ဆိုတာ survival force ပေးလိုက်ချင်းဖြစ်ပါတယ်။ သဘောကတော့ ဒီတိုက်ပွဲမနိုင်ရင် သေဖို့ပဲကျန်ပါတော့တယ်။ တခြားတပ်တွေက မနိုင်ရင်တော့ပြေးလို့ အညံ့ခံလို့ရပါသေးတယ်။ Minorities တွေဟာအညံ့ခံလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့သဘောသဘာဝကိုက အညံ့ခံလိုက်တာနဲ့ (extinct) ပျောက်ကွယ်သွားမှာပါ။ နောက်တစ်ချက်က Majorities တွေမှာ ခိုင်မာတဲ့ mission ရည်ရွယ်ချက်မရှိပါဘူး။ ပိုပြီးနားလည်အောင်ရှင်းါ့မယ်။ Conflicts ဖြစ်တယ်ဆိုရင် Majorities လို့ပြောထားတာ Majority groups ထဲမှပါဝင်တဲ့ တစ်စိတ်တစ်ဒေသကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ Minorities လည်းထို့နည်းပင်ဖြစ်သည်။ ဥပမာပေးရရင် လူဆယ်ဦးဖွဲ့ထားတဲ့အဖွဲ့ က လူ ငါးယောက် နဲ့ လူ တစ်ရာဖွဲ့ထားတဲ့ အဖွဲ့က လူ ငါးယောက် conflicts ဖြစ်ကြတယ်ဆိုရင် လူဆယ်ဦးဖွဲ့ထားတဲ့အဖွဲ့က ဆယ်ဦးလုံးက ဝိုင်းဝန်းမယ် အကြံဉာဏ်တွေပေးကြမယ်။ ဒီအဖွဲ့ရဲ့mission ဟာ ဒီ ငါးယောက်အတွက်လည်း တစ်ထပ်တည်းကျပါတယ်။ လူတစ်ရာအဖွဲ့ရဲ့ mission ဟာ ဒီ conflicts ဖြစ်တဲ့လူငါးယောက်အတွက် မဟုတ်ပါဘူး။ လူတစ်ရာလုံးကို ကိုယ်စားပြုထားတာပါ။ ရည်ရွယ်ချက် mission မရှိတဲ့အတွက် strategy နည်းလမ်းဆိုတာလည်းမရှိပါဘူး။ လယ်ယာမြေကိစ္စနဲ့ ပြန်ပြီးထင်ဟတ်ကြည့်ရင်  တောင်သူလယ်သမားကြီးတွေက ပြည်သူတွေကို ကိုယ်စားပြုပါတယ်။ သို့သော်ပြည်သူတွေက လယ်သမားလူတန်းစားတစ်ခုတည်းကို ကိုယ်စားပြုထားလို့မရပါဘူး။ ပြည်သူဆိုတာ ပြည်သူအားလုံးကို ကိုယ်စားပြုထားတာပါ။ ရဲတွေဟာ အစိုးရကို ကိုယ်စားပြုပြီး ဒီကိစ္စမှာဆိုရင် အစိုးရကလည်း ရဲကို ကိုယ်စားပြုထားတယ်လို့ ယူဆနိုင်ပါတယ်။ အဲ့ဒါကြောင့် ရဲတွေမှာ ဒီလယ်ယာမြေတွေကို အဆင်ပြေအောင် သိမ်းရမယ်ဆိုတဲ့ mission ရှိပါတယ်။ အဲ့ဒီ mission ရှိတဲ့အတွက်လည်း ဖြစ်ပေါ်လာတဲ့ conflicts ကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ strategy ရှိပါတယ်။ သူတို့ရဲ့ ဖြစ်နိုင်ချေရှိတဲ့ strategy က ပြည်သူတွေနဲ့ conflicts ဖြစ်အောင်လုပ်ပြီး riots ကိုဖန်တီးမယ်။ Riots ဖြစ်လာပြီဆိုရင် သူတို့အာဏာရလာတာပါပဲ။ သူတို့လုပ်သမျှဟာ

National Security ကိုအကြောင်းပြပြီး ဥပဒေဘောင်အတွင်းကနေ လုပ်တာမျိုးဖြစ်သွားပါတယ်။ ဒါကြောင့်နစ်နာဆုံးရှုံးမှုတန်ဖိုးခြင်း နှိုင်းယှဉ်လျှင် Majorities ဘက်ကပိုပြီး နစ်နာတာကိုတွေ့ရပါတယ်။ ရခိုင်အရေးကို ထင်ဟတ်ကြည့်လျှင်လည်း ထို့နည်းလည်းကောင်း ပင်ဖြစ်ပါတယ်။ ရခိုင် minority group လို့ပြောပေမယ့် Majority ထဲမှာပင်ပါဝင်တာဖြစ်ပါတယ်။ လူမျိုးရေး riots ဖြစ်တော့ Majority လည်း ဆုံးရှုံး Minority လည်း ဆုံးရှုံးတာပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ အကောင်းမြင်မှု ထားရှိနိုင်အောင် ကြိုးစားပေးကြရမှာဖြစ်ပါတယ်။ ဘာသာရေး ပြန့်ပွါးအောင်လုပ်တတ်တဲ့ Christian တွေရဲ့ ကောင်းတဲ့ အချက်(အကောင်းမြင်မှု ပါဝင်သော) တစ်ချက်ကို ဖော်ပြပါမယ်။ ကျွန်တော်တို့ အိမ်ခေါင်းရင်းအိမ်က ချင်းလူမျိုး christians များ နေထိုင်တဲ့အိမ်ဖြစ်ပါတယ်။ ကျွန်တော်တွေ့တဲ့ အချက်က ချင်းတွေက အချိန်တော်တော်များများ ပျော်တတ်ကြပါတယ်။ မြည်တွန်တောက်တီးသံ ကြားရခဲပြီး ရယ်မောပျော်ရွှင်သံများ ပိုပြီးကြားရပါတယ်။ ညဖက်ဆိုရင် အိမ်ရှေ့ထွက်ပြီး ဂီတာတီး သီချင်းတွေဆိုကြတယ် တခါတလေဆို ကတဲ့လူတောင် ပါပါတယ်။ တခါတလေ ကိုယ်တောင်သူတို့ ပျော်ရွှင်နေတာကြည့်ပြီး ရယ်မိ ပျော်မိ သီချင်းအတူတူ လိုက်ညည်းမိပါတယ်။ စာရေးသူ အခုလို အကောင်းမြင်နိုင်တာဟာ သူတို့ကို ကြိုပြီး stereotype မလုပ်ထားလို့ပါ။ ကျွန်တော်၏ ဖခင်သည် minority ကို stereotype လုပ်ထားတာတွေ့ရပါတယ်။ ချင်းတွေရောက်မလာခင် အိမ်ရှင်က ဗမာဖြစ်ပါတယ်။ သူတစ်ခါ အဲ့ဒီအိမ်ရှင် အကြောင်းနဲ့ ပတ်သက်ပြီး မိသားစုအချင်းချင်း စကားပြောကြရင်း ချင်းတွေကို ရောင်းသွားတယ် ဆိုပြီး မကြိုက်တဲ့ ပုံစံမျိုးနဲ့ ပြောဖူးပါတယ်။ ကျွန်တော်က အဖေသူပိုင်တဲ့ အိမ်ပဲ ဘယ်သူ့ရောင်းရောင်းပေါ့။ အဖေနဲ့ ဘာလို့တိုင်ပင်ရမှာတုန်း ဆိုပြီးပြောခဲ့ပါတယ်။ ချင်းလူမျိုးတွေ ကျွန်တော်တို့နဲ့ နှစ်ပေါင်းတော်တော်ကြာ အိမ်နီးချင်းအဖြစ် နေထိုင်ခဲ့ကြပါတယ်။ ဘာပြဿနာ တစ်စုံတရာ မှမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လမ်းထဲမှာ အဲ့ဒီချင်းအိမ်နဲ့ ပတ်သက်ပြီးလည်း ပြဿနာမဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် အဲ့ဒီလို မဖြစ်တာဟာ ဘာကြောင့်လဲဆိုတော့ကျန်တဲ့ မြန်မာအိမ်တော်တော်များများ (ကျွန်တော်တို့အိမ်အပါအဝင်) အဲ့ဒီချင်းအိမ်နဲ့သိပ်အဆက်အဆံလုပ်တာ မတွေ့ကြပါဘူး။ ဒါဟာ stereotype လုပ်ထားတာပါ။ အဲ့ဒီချင်းအိမ်မှာ ချင်းအိမ်မဟုတ်ပဲ မြန်မာအိမ်ဗုဒ္ဓဘာသာအိမ်ဆိုကြပါစို့။ ဒါပေမယ့် သူတို့လည်း ချင်းတွေလိုပဲ သီချင်းဆိုတာတွေဝါသနာပါလို့ ဆိုကြမယ်ဆိုရင်။ နားညီးတဲ့ အခါကြရင် အိမ်နီးချင်းတွေအနေနဲ့ သားတို့ သမီးတို့ ဘဘတို့ နားညီးလွန်းလို့ နည်းနည်းတော့နားပါဦး ဒါမဟုတ်လည်း နည်းနည်းလောက် အသံလေးလျှော့ပြီး ဆိုကြပါစိုပြီး တိုက်တွန်းမိမှာပါ နားထောင်တာ မထောင်တာတော့ တစ်ပိုင်းပေါ့။ ဒါပေမယ့်ချင်းတွေဖြစ်လာတဲ့ အခါကြတော့ ဘာမှကို မပြောပါဘူး။ ဒါသူတို့ လုပ်ပိုင်ခွင့် အတွင်းလုပ်တာ လုပ်ပေါ့ ဆိုပြီး ဖာသိဖာသာနေကြပါတယ်။ သူတို့လည်း ချင်းတွေဆိုပေမယ့် လူသားပါပဲ ဆွေးနွေး ညိူနှိုင်းလို့ရပါတယ်။ လူအဖွဲ့အစည်းဆိုတာ ဖာသိဖာသာ နေတဲ့စနစ်မရှိတော့ပါဘူး။ Globalisation ဖြစ်လာတာနဲ့ အညီအားလုံးဆက်နွယ်လာပါတယ်။ ပြီးတော့ ဖာသိဖာသာနေလာတဲ့ effect က stereotyping ကိုအားကောင်းလာစေပါတယ်။ ချင်းတွေ ပြဿနာတစ်ခုခု ဒါမှမဟုတ် အပြစ်တစ်ခုခုလုပ်လိုက်တယ်ဆိုရင် ခုနက stereotyping က proof ရသွားပါပြီ။ အဲ့လို proof ရသွားတော့ ဘာဖြစ်သလဲ။ ပြဿနာလုပ်တဲ့ သူကအပြစ်ရှိပါတယ်။ ဒါပေမယ့် ချင်းလုပ်တဲ့ ပြဿနာက ပိုပြီး အပြစ်ကြီးတယ်လို့ မြင်သွားပါတယ်။ ပိုပြီးမြင်သာအောင် ဥပမာ တစ်ခုတင်ပြဆွေးနွေးပါဦးမယ်။ ဈေးလမ်းထဲမှာ ကုလားမလေးတစ်ယောက်က မြန်မာမလေး တစ်ယောက်ကို မတော်တဆ ဝင်တိုက်မိ ကြတယ်ဆိုပါစို့။ မတော်တဆဆိုတာ ဝင်တိုက်မိတက်ကြပါတယ်။ သာမန် မသိတဲ့သူအချင်းချင်း ဝင်တိုက်မိကြရင် အချင်းချင်း sorry ပြောပြီး ပြီးသွားပြီး ကိုယ်က stereotype လုပ်ထားတဲ့သူနဲ့ ဝင်တိုက်မိရင် ပိုပြီးအဆိုးမြင်တက်ကြပါတယ်။ ခုနက ဝင်တိုက်ခံရတဲ့ မြန်မာမလေး အနေနဲ့ ကုလားမလေးနေရာမှာ အခြားမြန်မာမလေးတစ်ယောက်က ဝင်တိုက်တဲ့အခါ အဲ့ဒီမြန်မာမလေးအပေါ် ထားရှိတဲ့အမြင် နဲ့  ကုလားမလေးအပေါ်မှာ ထားရှိတဲ့အမြင်တူပါသလား။ တူညီတဲ့အမြင်မျိုး ထားနိုင်မယ်ဆိုရင် stereotype မလုပ်ထားဘူးလို့ ယူဆနိုင်ပါတယ်။ မိမိစိတ်ထဲမှာ အဲ့ဒီနှစ်ခုဟာမတူပါဘူးလို့ ထင်နေရင် အဲ့ဒါ stereotype လုပ်ထားတယ်လို့ ယူဆနိုင်ပါတယ်။  အဲ့တော့ မတူတာကို တူတယ်လို့ သဘောထားပြီး အရင်တွေးကြည့်စေချင်ပါတယ်။ အဲလို့တွေးကြည့်လိုမှ တူညီတဲ့ ရလဒ်ရတယ်ဆိုရင် အဲ့ဒီရလဒ်ဟာ ဆီလျော်ပါတယ် logic ကျပါတယ်။ မတူတာကို မတူဘူးလို့ သဘောထားပြီးတွေး ကြည့်တော့ ရလဒ်ကတစ်မျိုး မတူတာကို တူတယ်လို့ သဘောထားပြီးတွေးကြည့်တော့ ရလဒ်ကတစ်မျိုးဆိုရင် အဲ့ဒီရလဒ်ဟာ မဆီလျော်ပါဘူး မမျှတပါဘူး။ ဒီဆောင်းပါးရဲ့အဓိကရည်ရွယ်ချက်က peace ရဖို့ပါ။ Peace ရဖို့ဆိုရင် conflicts ရှိလို့မရပါဘူး။ conflicts ဟာ Majority လည်းဆုံးရှုံး Minority လည်းဆုံးရှုံး ဒီ Majority နဲ့ Minority ကို ကိုယ်စားပြုတဲ့ နိုင်ငံလည်း အရှုံးကြီးရှုံး ပါတယ်။ Conflicts ရဲ့ အဓိကအကြောင်းကတော့ Inequality ကြောင့်ပါ။ အမှန်တော့ Major Minor မရှိပါဘူး အားလုံးဟာ အတူတူပဲဖြစ်ပါတယ်။ Inequality ရဲ့အကြောင်းကတော့ unequal မညီမျှဘူးလို့ Stereotyping အကောင်းမြင်မှု မပါဝင်သော ယျေဘူယျခြုံငုံ ယူဆထားမှုကြောင့်ပါ။ Positvie thinking ရှိတဲ့သူဟာ conflicts မဖြစ်ပါဘူး။ ဒါကြောင့်မို့ positive thinking ရှိဖို့ဆိုရင် stereotype လုပ်တာနည်းနိုင်သမျှ နည်းအောင်လျှော့ထားသင့်ပါတယ်။ သူလည်းလူသားပါ ငါလည်းလူသားပါ။ လူသားချင်းအတူတူ ပင်ဖြစ်ပါတယ်။ သူလည်း သူ့လူမျိုး သူ့ဘာသာကောင်းဖို့ ငါလည်း ငါ့လူမျိုး ငါ့ဘာသာကောင်းဖို့ သူလည်းငါ ငါလည်းသူဟု သဘောထားပြီး လူဘောင်အဖွဲ့အစည်းက ချမှတ်ထားတဲ့အတိုင်း ကြိုးစားကြရင် conflicts ဆိုတာမရှိပါဘူး။ မြန်မာနိုင်ငံ အနေနဲ့ကြည့်ရင် ဗုဒ္ဓဘာသာဝင်ဟာ major ပါ ဒါပေမယ့် ကမ္ဘာအနေနဲ့ ကြည့်ရင် minor ပါ။ Minor ဖြစ်တဲ့ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အခြားဘာသာဝင်တွေ ဘာသာရေးပြန့်ပွါးမှုများ လုပ်နေချိန်မှာ ကျွန်တော်တို့တွေဟာလည်း fear of extinct (ပျောက်ကွယ်ခြင်းမှ အကြောက်တရား) ကပေးတဲ့ survival force (ရှင်သန်စေခြင်း အင်အား) များဖြင့် mission ရည်ရွယ်ချက်ကြီးကြီးမားမား strategy နည်းလမ်းများချမှတ်ပြီး ကြိုးစားကြရန်အချိန်တန်ပါပြီ။ ယခုခေတ်အခါကဲ့သို့ နိုင်ငံကြီးတိုးတက်ပြောင်းလဲပြုပြင်နေဆဲ ဖြစ်သောအချိန်အခါမျိုးမှာ နိုင်ငံအတွက် အရှုံးကြီးရှုံးမယ့် အဖြစ်မျိုးကို positive thinking (အကောင်းမြင် စိတ်ထား) ပြီး မိမိအတွက် မိမိနိုင်ငံအတွက် rational thinking (အကျိုးရှိမရှိ စဉ်းစားခြင်း), logical thinking (သင့်လျော်ဆီလျော်ခြင်းရှိမရှိ စဉ်းစားခြင်း)များဖြင့် ရှောင်လွှဲနိုင်မည်ဆိုပါက အကျွနုပ်တို့ အလိုရှိသော နိုင်ငံတော်ကြီးဆီသို့ မလွှဲမသွေ ရောက်ရှိမည်ဖြစ်ပါသည်။

အမြဲလေးစားလျှက်

စိုးမိုးသိန်း


Comments

Popular posts from this blog

အပြစ်ဟူသည်

ကိုဗစ်ကာလ အလုပ်တွေကများ

အလုပ် နှင့် အလုပ်၏အကျိုး