Posts

Showing posts from September 14, 2020

ဒုတိယခြေလှမ်း

မနေ့က ဘုန်းဘုန်းဆီ ဖုန်းဆက်ပြီး လှူမယ့်လို့ စဥ်းစားပြီး မလှူဖြစ်ဘူး။ ပြီးတော့ အလုပ်မှာ ကိုယ့်ကြောင့် ပြဿနာ တစ်ခုတက်တာ တော်တော်လေး စိတ်နှောင့်သွားတယ်။ တော်ပါသေးတယ်။ အားလုံး အဆင်ပြေသွားလို့။ သေသေချာချာ မလုပ်တက်တဲ့ အကျင့်ကို ဖျောက်ဖြတ်ဖို့ ကြိုးစားရမယ်။ ဒီနေ့လမ်းလျှောက်ဖြစ်တယ်။ ဟိုကြည့်ဒီကြည့်ပေါ့။ မနေ့က အရင်တုန်းက အမေစု ဗီဒီယိုဖိုင်တစ်ခု ကြည့်ရင်း အတော်တော်လေးကို အာဏာရှင်စနစ်ကို မုန်းသွားတယ်။ အမေစု ရဲ့သတ္တိကိုလည်း လေးစားမိတယ်။ စက်ဘီးတစ်စီးလောက်ဝယ်ပြီး နံနက်စောစောထ စက်ဘီးနင်းရင်ကောင်းမယ်။ နောက်ထပ် ခြေလှမ်းတစ်ခုပေါ့။ စောစောထဖို့ဆိုတာ စောစောအိပ်ဖို့လိုတယ်။ ဆေးလိပ်ကတော့ သောက်တုန်းပဲ။ ပြီးတော့ ဘလော့ဂါမှာ ချေးငွေတွက်တဲ့ ပို့စ်တစ်ခုကို ကြိုးစားတင်ရင်း ကျေနပ်မိတာ အမှန်ပဲ။ ဘာမဆို လုပ်ချင်ရင်ဖြစ်တယ်။ တစိုက်မတ်မတ်နဲ့ ကိုယ့်လုပ်ချင်စိတ်ကို ကြီးသထက်ကြီးအောင် ပြုစု ပျိုးထောင်းပေးဖို့လိုတယ်။ ကိုဗစ်အခြေအနေတွေက တော်တော်လေး ဆိုးနေပြီ။ ကျန်းမာရေးဝန်ထမ်းတွေကို တော်တော်လေး လေးစားလာတယ်။ ဘုရားရှိခိုးတာတော်တော်လေး အဆင်ချောလာတယ်။ နောက်ပိုင်း အလွတ်ရအောင် ကြိုးစားရမယ်။ ကိုယ့်စိတ်က တကယ့်ကို ကောက်ရိုးမီး။ တောက်ချိန်