Posts

Showing posts from September 16, 2020

ကိုဗစ်ကာလ အလုပ်တွေကများ

 ဘုရားရှိခိုးဖြစ်တယ်။ မနေ့က ပရိုဂရမ်ရေးတာ မဆိုးဘူး ရသွားတယ်။ ဒီနေ့ နံနက်လမ်းလျှောက်ဖြစ်တယ်။ အလုပ်တွေက များတယ်။ လုပ်ချင်တာတွေကလည်း များတယ်။ တွင်းနက်ကြီးထဲ မကျအောင် ဒီအတိုင်းလေး ဆက်ထိန်းထားဖို့လိုမယ်။ ဒီနေ့နံနက် ချေးငွေ လျှောက်လို့မရတဲ့ လူကို ကြံဖန်ပြီး လျှောက်လို့ ရနိုင်မယ့်နည်းလမ်း စဥ်းစားပေးလိုက်ပြီး ကိုယ့်ဟာကိုယ် သဘောတွေကျနေတယ်။ နောက်မှ ဆက်ရေးမယ်။ Youtube က ပရိုဂရမ်းမင်း ဗီဒီယို တော်တော်လေးကောင်းတယ်။ လိုက်လုပ်ကြည့်တာလည်း တော်တော်အဆင်ပြေတယ်။ ဖြည်းဖြည်းချင်း ပဲလုပ်မယ်။ ဆေးလိပ်သောက်တာကို လျှော့မှ ရမယ်။ ကိုဗစ်ကြောင့် သေတဲ့လူတွေ တော်တော်များနေပြီ။ လူသားအားလုံး ကျန်းမာချမ်းသာကျပါစေ။ မသေချာ မရေရာမှုတွေကို ကိုဗစ်က ဖော်ဆောင်ပေးနေတယ်။ အိပ်တော့မယ်။ ည ၁၁ နာရီထိုးပြီ။

တတိယခြေလှမ်း မဟုတ်သေးပါ

 တွင်းနက်ကြီးထဲ ပြန်ကျတော့မယ်နဲ့တူတယ်။ လုပ်ချင်တာတွေ များလာလို့။ မနေ့က online ဖဲရိုက်တဲ့ app အကြောင်း ပြောနေကြတာနဲ့ အဲ့လိုမျိုး ထွင်ချင်တယ် ဆိုပြီး ဖြစ်သွားတယ်။ စဥ်းစားတော့သာ လွယ်မယ်ထင်တာ တကယ်လုပ်ဖို့က မလွယ်ဘူး။ ဒီနေ့နံနက် လမ်းလျှောက်ဖြစ်တယ်။ မဆိုးဘူး တော်တော်လေး လျှောက်လို့ကောင်းတယ်။ တတိယခြေလှမ်းအနေနဲ့ စက်ဘီးဝယ်ပြီး စက်ဘီးစီးချင်တာ။ ဝယ်မယ်ဆိုပြီး မသွားဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ခဏထိုင်ဖြစ်တယ်။ အိမ်ပြန်ရောက်တော့အကိုရောက်နေတယ်။ အလုပ်ကအပြန်ဝင်လာတာ။ ဘာမှတော့ထွေထွေထူးထူး မပြောဖြစ်ဘူး။ ဘုရားရှိခိုးတာ ဒိုင်ယာရီရေးတာတော့ ပုံမှန်ဖြစ်လုနီးနေပြီ။ ပုံမှန်လုပ်မှ အကျင့်ဆိုတာဖြစ်မှာ။ အကျင့်ဖြစ်မှ အရမ်းကြီးကြိုးစားနေရသလိုမဖြစ်မှာ။ အဝတ်ဘီရိုတစ်ခုလောက် ကိုယ့်ဟာကိုယ်လုပ်ကြည့်ဖို့ ရည်ရွယ်ထားတယ်။ ဘယ်တော့မှ လုပ်ဖြစ်မယ်တော့ မသိဘူး။ ဒီနေ့ ဖေကြီးရဲ့ မိတ်ဆွေတစ်ယောက်ဆုံးသွားတယ်။ ကိုဗစ်ဖြစ်နေတော့ အသုဘလိုက်မပို့ဖြစ်ဘူး။ ကိုဗစ်ကတော်တော် စိတ်ပျက်စရာကောင်းတယ်။ အခုလောလောဆယ်တော့ အိပ်လိုက်ဦးမယ်။ ကောင်းကောင်းတောင် မအိပ်လိုက်ရဘူး။ အရမ်းလွယ်တဲ google app script ကြည့်ပြီးလုပ်တာကို မရဘူးဖြစ်နေတယ်။ စိတ်အရမ်းရှုပ်လာတ