Posts

Showing posts from September 13, 2009

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ်

ဘဝဟာ တည့်တည့်ကလေးထောင်ထားတဲ့ လောင်ကျွမ်းနေသော စီးကရက်လေးတစ်လိပ် သူ့အတိုင်းလေးထောင်ထားရင် အငွေ့လေးတလူလူနဲ့လောင်ကျွမ်းနေရော လောင်ကျွမ်းပြီးသားအပေါ်က ပြာတောင့်လေးက စီးကရက်လေးရဲ့ ဖြစ်ပြီးသားအတိတ် မီးခိုးငွေ့တွေ့က ဖြစ်စဉ် ပေါ်လာပြီးအဝေးတစ်နေရာကို လွင့်ပြည်ပျောက်သုဉ်းသွားပြီး အမှတ်ရစရာလေးတွေကိုတော့ ပြာတောင့်အဖြစ် ထိန်ချန်ထားပေးခဲ့တယ် လေပြည်ညှင်းက အချိန်ပေါ့ စီးကရက်လေးကို တစ်စစနဲ့တိုက်စားသွားတာ အောက်စီဂျင်ကိုတစ်ခါတစ်ခါမုန်းမိပါရဲ့ တစ်ခါတစ်ခါလည်းကျေးဇူးတင်မိပါရဲ့ သူ့ကြောင့် ပျော်စရာအချိန်လေးတွေ ရောက်လာသလို သူ့ကြောင့်ဘဲ ပျော်စရာအချိန်လေးတွေ ကုန်ဆုံးသွားတယ် သူ့ကြောင့် ဝမ်းနည်းစရာအချိန်လေးတွေ ရောက်လာသလို သူ့ကြောင့်ဘဲ ဝမ်းနည်းစရာအချိန်လေးတွေ ကုန်ဆုံးသွားတယ် ပျော်စရာအချိန်ရောက်တဲ့အခါ အောက်စီဂျင်ကို ခဏလောက်လျှော့ပေးလို့ရရင် ဝမ်းနည်းစရာအချိန်ရောက်တဲ့အခါ အောက်စီဂျင်ကို ခဏလောက်တိုးပေးလို့များရခဲ့ရင် ပျော်စရာဘဲဖြစ်ဖြစ် ဝမ်းနည်းစရာဘဲဖြစ်ဖြစ် အမှတ်တရဖြစ်ခဲ့ရင် ပြာတောင့်ကလေးကတော့ သစ္စာရှိစွာထားပေးလျှက် မုန်းစရာအကောင်းဆုံး ကတော့လေပြင်းဘဲ သူများတစ်ချက်လောက် တိုက်လိုက်ပြီဆိုရင် အမှတ်ရစရ