စိတ်လေခြင်း

 ကိုယ့်ကိုယ်ကိုအားမရခြင်း

ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိတာ ငါတစ်ယောက်တည်းလား

လူ့ဘဝမှာ ရည်မှန်းချက်မရှိတဲ့ လူတစ်ယောက်အဖြစ် နေတာအတော်ကြာပေါ့လား

ဆေးလိပ်တွေ လှိမ့်သောက် ဘာကိုမှ ဂရုမစိုက် စိတ်စေရာနောက်ကို လျှောက်လိုက်

ဟိုလိုလို ဒီလိုလိုနဲ့ ရှေ့လျှောက်ဘယ်လို ဆက်လက်နေထိုင်မလဲ ကိုယ့်လူ

သောကဖြာဝေ လောကအထွေထွေ ကိစ္စများမြောင် လူတို့ဘောင်မှာ ငါတစ်ယောက်

ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ရမယ် အံဝင် ချင်လို့တော့မဟုတ်

ကိုယ့်မိဘကို အားနာလာလို့ ကိုယ့်ကိုယ်ကိုလည်း လေးစားမှုလေး တက်လာအောင်ပေါ့

ဘာပဲလုပ်လုပ် သေသေချာချာလုပ် ဘာပဲလုပ်လုပ် စိတ်ပါဝင်စားစွာလုပ်

သိပ်မတွေးပဲ လက်တွေ့ပဲလုပ် အတွေးက လူကိုသတ်တယ်

အသက်ကြီးပြီး အချိန်မစီးဘူးဆိုတာ ကိုယ်ပဲဖြစ်နေတာ



Comments

Popular posts from this blog

The Invitation

ဆုတောင်းခြင်း

ရယ်ရတယ်