ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ တာဝန် ၄ ရပ်

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ တာဝန် ၄ ရပ် အကြောင်းမပြောခင် မြတ်စွာဘုရားရှင်အားလုံးတို့ရဲ့ မပြောင်းမလဲသော နေရာလေးခုကို အရင်သိထားသင့်ပါတယ်။
၁ မြတ်စွာဘုရားရှင်တိုင်း သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသော ဗောဓိပင်တည်နေရာ
၂ မြတ်စွာဘုရားရှင်တိုင်း တရားဦး ဓမ္မစကြာတရားဟောတော်မူသောနေရာ
၃ မြတ်စွာဘုရားရှင်တိုင်း တာဝတိံသာနတ်ပြည်မှာ မယ်တော်ကျေးဇူးဆပ်ရန် အဘိဓမ္မာတရားတော်ဟောကြားတော်မူပြီး လူ့ပြည်သို့အပြန် ပထမဆုံးခြေဖဝါးစချသော နေရာ
၄ မြတ်စွာဘုရားရှင်တိုင်း ဇေတဝန်ကျောင်းတော်အတွင်းရှိ ကုတင်ခြေလေးချောင်းထောက်သောနေရာ
ထိုလေးနေရာတို့သည် ပွင့်ခဲ့ပြီးသောမြတ်စွာဘုရားရှင်များနှင့် နောင်ပွင့်တော်မူမည့် ဘုရားရှင်တိုင်း ရှောင်လွဲမရသော တစ်လက်မပင် မရွေ့မလျော့သော တစ်ထပ်တည်းကျသော နေရားလေးခုပင်ဖြစ်ပါသည်။

ထို့အတူပင် လူဖြစ်လာပြီ ဆိုလျှင်လည်း ရှောင်လွဲမရသော လုပ်ငန်းတာဝန်လေးရပ်ရှိပါသည်။
၁ ဗောဓိပင်ရင်းတွင် ကိလေသာအကုန်အစင် ပယ်ခွာနိုင်သောကြောင့် ကိလေသာကုန်ခမ်းရန်အားထုတ်သောလုပ်ငန်း နိဗ္ဗာန်ရောက်ကြောင်း အားထုတ်သောလုပ်ငန်းသည် အကောင်းဆုံးနှင့် အမွန်မြတ်ဆုံးလုပ်ငန်းပင်ဖြစ်ပါသည်။
၂ တရားဦးဓမ္မာစကြာသည် သစ္စာလေးပါးအကြောင်းပင်ဖြစ်သည်။ ထိုအတူပင် လောကတွင် အမှန်တရားပြောကြားခြင်း အမှန်တရားကျင့်သုံးခြင်းသည် အဖိုးတန်ဆုံးလုပ်ငန်းပင်ဖြစ်ပါသည်။
၃ မိဘကျေးဇူးဆပ်ခြင်းသည်လည်း လူတိုင်းမမေ့အပ် မမေ့ထိုက်သောလုပ်ငန်းပင်ဖြစ်သည်။
၄ ဇေတဝန်ကျောင်းသည် မြတ်စွာဘုရား အများဆုံး သီတင်းသုံးတော်မူရာဖြစ်ပြီး တရားဓမ္မများဟောကြားကာ လူသားတို့ရဲ့ အကျိူးကို အများဆုံးပြုလုပ်ရာ နေရာဖြစ်သောကြောင့် ပရဟိတလုပ်ငန်းလုပ်ရာ နေရာပင်ဖြစ်သည်။ ပရဟိတလုပ်ခြင်းသည် အလွန်အရေးပါပြီး လူဟူသော ရပ်တည်မူ၏ အနှစ်သာရပင်ဖြစ်ပါသည်။
ဖော်ပြပါအချက်အလက်များသည် ဆရာတော်အရှင်ဆန္ဒာဓိက ၏ "နံ့သာဖြင့် ထုံမွှမ်းအပ်သော" စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Popular posts from this blog

ကိုဗစ်ကာလ အလုပ်တွေကများ

The awakening of a society

Travel Diary 1.5