ဘုရား‌ဟော‌‌သောလူနာ ၃ မျိုး

လောကမှာလူနာသုံးမျိုးရှိပါတယ်
ပထမလူနာက
သင့်တင့်မျှတတဲ့ အစားအသောက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ
သင့်တင့်မျှတတဲ့ ဆေးဝါး ရသည်ဖြစ်စေ မရသည်ဖြစ်စေ
ကောင်းမွန်စွာစောင့်ရှောက်နိုင်တဲ့ လူနာစောင့်အရှာက် ရသည်ဖြစ် မရသည်ဖြစ်စေ
ရောဂါပျောက်သည် ဖြစ်၏

ဒုတိယလူနာက
သင့်တင့်မျှတတဲ့ အစားအသောက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ
သင့်တင့်မျှတတဲ့ ဆေးဝါး ရသည်ဖြစ်စေ မရသည်ဖြစ်စေ
ကောင်းမွန်စွာစောင့်ရှောက်နိုင်တဲ့ လူနာစောင့်အရှာက် ရသည်ဖြစ် မရသည်ဖြစ်စေ
ရောဂါမပျောက်နိုင်သည် ဖြစ်၏

တတိယလူနာက
သင့်တင့်မျှတတဲ့ အစားအသောက် ရပါကပျောက်၏ မရပါကမပျောက်
သင့်တင့်မျှတတဲ့ ဆေးဝါး ရပါကပျောက်၏ မရပါကမပျောက်
ကောင်းမွန်စွာစောင့်ရှောက်နိုင်တဲ့ လူနာစောင့်အရှာက် ရပါကပျောက်၏ မရပါကမပျောက်

ထို့အတူပင်လျှင်
ပထမလူက
ဘုရားနဲ့တွေ့ကြုံရပြီး ဘုရားဟောကြားသော တရားနာရသည်ဖြစ်စေ မနာရသည်ဖြစ်စေ
ဘုရားဟောကြားသော တရားရေအေး သောက်ရသည်ဖြစ်စေ မသောက်ရသည်ဖြစ်စေ
ဘုရားတပည့်သာဝကများ၏ တရားနားကြားရသည်ဖြစ်စေ မနားကြားရသည်ဖြစ်စေ
နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်၏

ဒုတိယလူက
ဘုရားနဲ့တွေ့ကြုံရပြီး ဘုရားဟောကြားသော တရားနာရသည်ဖြစ်စေ မနာရသည်ဖြစ်စေ
ဘုရားဟောကြားသော တရားရေအေး သောက်ရသည်ဖြစ်စေ မသောက်ရသည်ဖြစ်စေ
ဘုရားတပည့်သာဝကများ၏ တရားနားကြားရသည်ဖြစ်စေ မနားကြားရသည်ဖြစ်စေ
နိဗ္ဗာန်သို့မဆိုက်ရောက်နိုင်ကုန်သည်

တတိယလူက
ဘုရားနဲ့တွေ့ကြုံရပြီး ဘုရားဟောကြားသော တရားနာရပါက နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်၏
မနာရပါက နိဗ္ဗာန်သို့မဆိုက်ရောက်နိုင်ကုန်သည်
ဘုရားဟောကြားသော တရားရေအေး သောက်ရပါက နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်၏
မသောက်ရပါက နိဗ္ဗာန်သို့မဆိုက်ရောက်နိုင်ကုန်သည်
ဘုရားတပည့်သာဝကများ၏ တရားနားကြားရပါက နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်၏
မနားကြားရပါက နိဗ္ဗာန်သို့မဆိုက်ရောက်နိုင်ကုန်သည်

ဘုရားတရားဟောရခြင်းမှာ တတိယလူများအတွက်ဖြစ်ပါသည်။ သို့သော် ဆေးဆရာသည်
လူနာမှန်သမျှကို ပျောက်စေချင်သော စိတ်စေတနာဖြင့် ဆေးပေးသကဲ့သို့ ငါဘုရားသည်
လူတိုင်းအတွက် တရားပြောဟောခြင်းကိုပြု၏။
အရှင်ဆေကိန္ဒဟောကြားသော တရားခွေမှ ကောက်နုတ်ထားပါသည်

အမြဲလေးစားလျှက်
စိုးမိုးသိန်း

Comments

Popular posts from this blog

The Invitation

ဆုတောင်းခြင်း

How to become a good smoker