သူငယ်ချင်းတစ်ယောက်၏ဉာဏ်စမ်းပုစ္ဆာ
ကျွန်တော်ခုနှစ်တန်းကနဲ့တူတယ်။
သေချာမမှတ်မိတော့ဘူး။
ကျွန်တော်နှင့် ခုံတန်းတစ်ခုတည်း အတူထိုင်သော သူငယ်ချင်းစုထွေး ပြောသောဉာဏ်စမ်းလေးပါ။
သူလည်း ဘယ်ကသိခဲ့ကြားခဲ့လည်း မသိဘူး။
တော်တော်လေးကို ကောင်းတယ်။
ပုစ္ဆာက ဦးထုပ်ရောင်းတဲ့ လူကြီးတစ်ယောက်မှာ ဦးထုပ်ငါးလုံးရှိတယ်တဲ့။
သုံးလုံးကအနီ။
ကျန်နှစ်လုံးကအဖြူ။
အဲ့အကြောင်းကို သူက လူသုံးယောက်ကို ပြောပြပြီး ဦးထုပ်တစ်ယောက် တစ်လုံးစီ ဆောင်းပေးလိုက်တယ်။
ထိုလူသုံးယောက်က အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာမူပြီး လမ်းလျှောက်သွားတယ်ဆိုတော့ကာ နောက်ဆုံးက လျှောက်တဲ့သူက သူ့ရှေ့ကလျှောက်တဲ့ လူနှစ်ယောက်ရဲ့ ဦးထုပ်ကို မြင်နေရတာပေါ့။
ထို့အတူ အလယ်က တစ်ယောက်ကလည်း သူ့အရှေ့က လျှောက်တဲ့ ပထမဆုံးလူရဲ့ဦးထုပ်ကို မြင်နေရတာပေါ့နော်။
ရှေ့က ပထမဆုံးလျှောက်သွားတဲ့သူက ဘယ်သူ့ဦးထုပ်မှ မမြင်ရဘူးပေါ့။
သူကလည်း ဘယ်သူ့ဦးထုပ်မှ မမြင်ရရင်နေပလေ့စေပေါ့။
သူ့ဦးထုပ်ရဲ့ အရောင်ကိုတော့ သူသိချင်တယ်လေ။
အဲ့တော့သူက မေးခွန်းတစ်ခုကို သူ့နောက်က နှစ်ယောက်ကို လမ်းလျှောက်ရင်း မေးတယ်။
ဟေ့ကောင်တွေပေါ့ မင်းတို့တွေ ကိုယ့်ဦးထုပ်ရဲ့ အရောင်တွေကို ကိုယ်သိလားလို့ မေးတော့ နှစ်ယောက်လုံးက မသိဘူးလို့ ဖြေတယ်။
သူတို့တွေက တကယ်လည်း မသိရှာကြဘူး။
အဲဒါပေမယ့် သုံးယောက်လုံးက ဉာဏ်တိမ်တဲ့လူတွေ မဟုတ်ဘူး။
ပြီးတော့ သူတို့တွေအားလုံးက သူငယ်ချင်းတွေလေ။
အဲ့တော့ကာ တစ်ယောက်အကြောင်း တစ်ယောက်သိတွေလေ။
သူတို့ဉာဏ်တွေကလည်း တပြေးညီတွေပဲ။
အဲ့ဒီပေးထားတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ စဉ်းစားလိုက်တာ ပထမဆုံးသူက သူ့ဦးထုပ် ဘာအရောင်လည်း ဆိုတာကို သိသွားတယ်တဲ့။
မေးခွန်းက သူ့ရဲ့နေရာမှာ သူဘယ်လိုစဉ်းစားပြီး သူ့ဦးထုပ်အရောင်ကို သိသွားပါသလည်းတဲ့။
ကဲမေးခွန်းကတော့ပြီးသွားပြီ။
သူ့နေရာမှာ ဝင်ပြီး စဉ်းစားပေးကြပါ။
အဓိကက ဘယ်လိုစဉ်းစားသလဲဆိုတာကို သိချင်တာပါ။
အဖြေ
တစ် -
ဦးထုပ်ငါးလုံးမှာသုံးလုံးကအနီ၊နှစ်လုံးကအဖြူ။
နှစ် -
နောက်ဆုံးကလူကရှေ့နှစ်ယောက်ရဲ့ဦးထုပ်အရောင်ကိုသိတယ်။
သုံး - သူ့အရောင်သူမသိဘူး။
ပြီးတော့သူက ဉာဏ်မတိမ်ဘူးဆိုတော့ကာ ရှေ့နှစ်ယောက်ရဲ့ အရောင်သာ နှစ်လုံးလုံး အဖြူဖြစ်ခဲ့မယ်ဆိုရင် သူက သူ့အရောင် သူသိပြီလေ။
လေး -
ရှေ့နှစ်ယောက်ရဲ့ ဦးထုပ်အရောင်က အဖြူနှစ်ခု မဟုတ်ဘူး။
ငါး -
အလယ်က ကောင်ကလည်း မခေဘူးလေ။
ဒီလောက်တော့ သူလည်းသိတာပေါ့။
သူသိတာက ဘာလည်းဆိုတော့ လေးအချက်ကို ပြောတာလေ။
သူ့ဦးထုပ်နဲ့ သူ့ရှေ့က သူ့သူငယ်ချင်းဦးထုပ်နဲ့က အဖြူမဟုတ်ဘူးပေါ့။
ခြောက် -
အရှေ့ဆုံးက ကောင်က ဘယ်လိုစဉ်းစားလည်းဆိုတော့ အလယ်ကကောင် သူ့ဦးထုပ်အရောင်ကို သူမသိခြင်းသည် ငါ့ဦးထုပ်က အဖြူမဟုတ်သောကြောင့်။
ငါသာ အဖြူဖြစ်ခဲ့ပါက နှစ်ယောက်လုံး အဖြူမဖြစ်နိုင်ဟူသော အချက်ကို စဉ်းစားနိုင်စွမ်းရှိသော သူ့သူငယ်ချင်းအလယ်ကကောင်သည် သူ့ဦးထုပ်အရောင်သည် သေချာပေါက်အနီရောင်ဖြစ်မည်ကို သူသိပေလိမ့်မည်။ ထို့ကြောင့်ရှေ့ဆုံးမှ သူ၏ဦးထုပ်အရောင်မှာ အနီရောင်ဖြစ်ပါသည်။

Comments